Chapter 35

605 59 0
                                    

"အားလုံးအတူလာကြပါလား။ ဒါရိုက်တာ၊ မီးထိုးဆရာ၊ မိတ်ကပ်ဆရာတို့။ ကျွန်တော်တို့အားလုံး ဓာတ်ပုံအတူ တွဲရိုက်ကြရအောင်။"

ထန်မော်ဖိတ်ခေါ်လိုက်သောကြောင့် ဒါရိုက်တာ၊ မိတ်ကပ်ဆရာ၊မီးထိုးဆရာအပါအဝင် အဖွဲ့သားအားလုံးပါဝင်လာကြ၏။

ပရိုဂရမ်အဖွဲ့ဝင် ဝန်ထမ်းများအပါအဝင် လူအမြောက်အမြားက ကင်မရာဘောင်ထဲဝင်အောင် စုဝေးလိုက်ကြသည်။

မိတ်ကပ်ဆရာမလေးက ချောင်ဟွေ့လက်မောင်းကိုကိုင်၍ သူ(မ)ခေါင်းကို ချောင်ဟွေ့ဘက်သို့ အနည်းငယ် စောင်းထားရ၏။

ကင်မရာ shutter သံနှင့်အတူ အားလုံး အပြုံးကိုယ်စီနှင့် အမှတ်တရဓာတ်ပုံရိုက်လိုက်ကြသည်။

['ကျောင်းအတူသွားကြစို့' မိသားစု အမှတ်တရပုံလေးပေါ့ ]

[ ငါကတော့ အမြဲ တစ်ခုခုလွဲနေတယ်ပဲ ခံစားနေရတယ် ]

[ မဟုတ်ပါဘူး၊ ဒီလောက် ပျော်စရာကောင်းနေတာကို ]

[ အစ်ကိုက ပြုံးတော့ပြုံးနေတယ်၊ ဒါပေမဲ့ သူ့မျက်နှာက ရုတ်တရက် တင်းမာသွားသလိုပဲနော် ]

[ ဟားဟားဟား ...ငါကတော့ ငါမြင်တာက်ိုပဲယုံတယ် ]

...

နောက်ဆုံးနှစ်ရက်က လျင်မြန်စွာပင် ကုန်လွန်သွား၏။ အမှတ် (၁) ပေချန်း၊ အလယ်တန်းကျောင်းကို နှုတ်ဆက်ထွက်ခွာရမည့်နေ့သို့ ရောက်ရှိလာခဲ့လေပြီ။

ဒါရိုက်တာက လော်စပီကာကြီးတစ်ခုကိုကိုင်ရင်း အားလုံးကို မိန့်ခွန်းတစ်ခုပြောကြား၏။
"အားလုံးပဲ ဒီကြားထဲ အတော် အပင်ပန်းခံခဲ့ကြရပါတယ်။ အခု အားလုံး အိမ်ပြန်ပြီးအနားယူဖို့ အချိန်ရောက်လာပါပြီ။ ခင်ဗျားတို့နဲ့ နောက်တစ်ကြိမ်ထပ်ဆုံရဖို့လည်း မျှော်လင့်ပါတယ်။ 'ကျောင်းအတူသွားကြစို့' variety show ဟာ season တစ်ခုပြီးတစ်ခု ထပ်မံရိုက်ကူးမှာပါ။ season 3 လည်း ထပ်မံရိုက်ကူးဖို့ရှိပါတယ်။ အခုပါဝင်တဲ့သရုပ်ဆောင်အားလုံး ပြန်လည်ပါဝင်ဖြစ်မှာလားဆိုတာကတော့ ကြိုပြောဖို့ ခက်နေပါသေးတယ်။ ပထမဆုံး season မှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်သုံးယောက်ပဲ ဒုတိယ season မှာ ပြန်လည် ပါဝင်ဖြစ်ခဲ့သလိုပေါ့ဗျာ။"

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Où les histoires vivent. Découvrez maintenant