" ဟေး.. မစ္စတာရှုက လင်းယန်ထက်တောင် ပိုသာသေးတယ်။ သူက eight pack တောင်ရှိတာ။"
- ဂျိုဂျို၏ အိမ်ထောင်ရေး ဒိုင်ယာရီ
မည်မျှ အရည်အသွေးကောင်းနေပါစေ။ ကုန်ပစ္စည်းထုတ်လုပ်သူတို့သည် သူတို့ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် logo လေးတော့ ပါအောင်ထည့်တတ်ကြသည်။ သို့မှသာ အလားတူ ပစ္စည်းများနှင့် ခွဲခြားလို့ရပေမည်။ AK သည်လည်း ထိုနည်း၎ပင်။
ရှုရီယန်၏ AK အတွင်းခံသည် နှင်းဆီပွင့်ပုံနှင့် ဆွဲသားအကျပ်ဒီဇိုင်းဖြစ်သည်။ အစက်ကလေးများနှင့် ပန်းရောင်အတွင်းခံပေါ်တွင် ပုံဖော်ထားသည်။ ကြည့်ရတာ တစ်မျိုးကြီးဖြစ်နေပေမဲ့ အလွန်အမင်း sexy ဖြစ်သည်။
အမှန်တကယ် မျက်စိပသာဒရှိလှသည်။
ဖျော့တော့တော့ အဝါရောင်မီးရောင်က ရှုရီယန်၏ ကျယ်ပြောသောကျောပြင်ပေါ်သို့ ကျနေပုံက သူ့ပခုံးများကို ပိုကျယ်ပြောစေသယောင်။ သူ့ခါးများကို ပိုကျစ်လျစ်စေသယောင်။
အမြဲတမ်း ရှပ်အကျီအောက်မှာ ပုံးကွယ်နေသော ရှုရီယန်၏ပခုံးများကို ဒီလောက်ကျယ်မှန်း ချောင်ဟွေ့ မသိခဲ့။ သူ၏ ကျစ်လျစ်သောခါး၊ အားကောင်း ကျစ်လျစ်သောခြေထောက် စသည့် အစိတ်အပိုင်းအားလုံးတို့သည် သူ့နေရာနှင့်သူ မှန်ကန်စွာ ဖြစ်တည်နေကြသည်။ အမျိုးသားဟော်မုန်းများ ရုန်းကြွနေခြင်းဖြစ်ရမည်။ ပြီးတော့ သူ့မှာ eight pack ပင်ရှိ၏။
ရှုရီယန်၏ ဆံပင်များအားလုံး မခြောက်သေးတာကြောင့် ရေစက်အချို့က ဆံပင်မှတစ်ဆင့် သူ၏ ယောက်ျားပီသသောမေးရိုး ထို့နောက် သူ့ရင်အုံဆီသို့ တစ်စက်ချင်းစီ စီးကျနေသည်။
အခန်းထဲတွင် နည်းနည်း အိုက်လာသလို ခံစားရ၍ ချောင်ဟွေ့အံ့အားသင့်သွားသည်။
Heater လည်း ဖွင့်မထားဘဲနဲ့ ဘာလို့ အိုက်လာရတာပါလိမ့်။
သူသည် အခုထိ ငွေကိုင်းမျက်မှန်ကို တပ်ထားတုန်းဖြစ်ပြီး ကျောက်စိမ်းတစ်တုံးအလား သိမ်မွေ့နူးညံ့ ပုံပေါ်နေသည်။
လောကမှာ စွန်းကျန်ရီထက်ပို၍ ရင့်ကျက် နှစ်လိုဖွယ်ရှိသည့်ယောက်ျား အမြောက်အမြားရှိပါသေးသည်။
![](https://img.wattpad.com/cover/357437569-288-k81783.jpg)
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...