Chapter 61

1.2K 78 0
                                    

ချောင်ဟွေ့နှင့်ရှုရီယန်တို့အိမ်ပြန်ရောက်တော့ တခြားသူများ ရောက်နှင့်နေကြလေပြီ။

ဒီညက ထန်မော်တို့ညီအစ်ကို ချက်ပြုတ်ရမည့်အလှည့်ဖြစ်သည်။သူတို့ပြန်ရောက်တော့ ဟင်းနံ့များပင် ထွက်နေပြီ။

ချောင်ဟွေ့ထိုင်လိုက်ပြီးနောက် ကျန်းရှောင်ဟွမ်က အနားရောက်လာပြီး စိတ်အားထက်သန်စွာဖြင့်

" အစ်မရွယ်ပါး။ ဒီမှာ ညီမရိုက်ထားတဲ့ပုံတွေ။ effect တော့မထည့်ရသေးဘူး။"

သူတို့နှစ်ဦးက အသက်မကွာသဖြင့် ပြောစရာအကြောင်းအရာများ၏။ ချောင်ဟွေ့လည်း သူ(မ)ပြသော ပုံများကို စိတ်ဝင်တစားကြည့်ရှုလိုက်၏။သူတို့ ဓာတ်ပုံများ အပြန်အလှန် share နေကြချိန်တွင် ညနေစာ အသင့်ဖြစ်နေပြီဖြစ်သည်။

ထန်မော်နှင့်ထန်ချန်းတို့ညီအစ်ကိုနှစ်ယောက်က ဟင်းချက်ကောင်းမည့်ပုံမပေါ်သော်လည်း သူတို့လက်ရာက ထူးထူးခြားခြားကို ကောင်းနေ၏။

အထူးသဖြင့် သူတို့လုပ်ထားသော ကြက်စွပ်ပြုတ်ဖြစ်သည်။ စွပ်ပြုတ်အရည်က အရသာရှိလှ၏။ ကြက်သားကလည်းနူးညံ့၍ အနံ့ရတာနှင့် စားချင်စဖွယ်ဖြစ်သည်။

ရှုယွဲ့က ရယ်စရာပြောလိုက်၏။

" ဒါရိုက်တာထန်ပုံကိုကြည့်ရင် အချက်အပြုတ် ဒီလောက်ကောင်းမယ်လို့ကို မထင်ရဘူး။"

ထန်မော်က မျက်နှာမဲ့လိုက်ပြီး

" ဟင်းသီးဟင်းရွက်တွေကိုချက်ရတာက ခက်လို့လား။"

ထန်မော်၏ ပုံမှန် နှုတ်သီးကောင်း အဆိပ်လျှာ စကားပြောစတိုင်ပင်။

ရှုယွဲ့က ရယ်လိုက်ပြီး

" ချက်ပြုတ်ရတာလွယ်တယ်လို့ ဒါရိုက်တာထန်က ထင်လို့လား။"

" ကျွန်တော့်အတွက်ကတော့ လွယ်တယ်။"

[ဒါရိုက်တာထန်: ထက်မြက်တဲ့လူတွေအတွက် ခက်ခဲတယ်ဆိုတာမရှိပါဘူး။】

[မဟုတ်ဘူး၊ ရှိတယ်၊ ချစ်ရတာ။ 】

[ဟားဟားဟား ငါတော့အသဲကွဲသွားပြီ။】

[ငါအမြဲစဉ်းစားနေတာတစ်ခုရှိတယ်။ ဒါရိုက်တာထန် သူများအမိန့်ပေးတာကို  နာခံနိုင်မလားဆိုတာကိုပဲ။ 】

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now