Chapter 54

238 28 0
                                    

"မစ္စတာရှုရဲ့တခြားတစ်ဖက်ကစရိုက်ကလည်း ကောင်းတာပါပဲ။"

- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

ဆေးလိပ်သောက်လို့ပြီးသွားတော့ သူ အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။ မှောင်မိုက်သောညနက်ထဲမှာပင် သူ့မျက်၀န်းများက ဆွဲဆောင်မှုရှိနေသေးသည်။တစ်ချိန်တည်းမှာပင် အန္တရာယ်လည်းရှိနေ၏။ သူအရင်ကပြသထားသော လူကြီးလူကောင်းပုံစံက ပျောက်ကွယ်နေလေပြီ။ သူ့မျက်ခုံး၊ မျက်လုံးများသည် အနည်းငယ်အရိုင်းဆန်လာပြီး ပို၍ယောင်္ကျားပီသနေ၏။

ကျားဟော်မုန်းဓာတ်များက သူ့ကိုယ်ခန္ဓာတစ်ခုလုံးတွင် ရုန်းကြွနေသည်။

လသာဆောင်ကမီးများကို ဖွင့်မထားပေ။လ‌သာဆောင်မှ‌နေ၍ အဆက်မပြတ်ရွာသွန်းနေသာမိုးကို တိတ်ဆိတ်စွာငေးကြည့်နေရင်း ချောင်ဟွေ့၏ပုံမှန်မဟုတ်သောအပြုအမူအကြောင်းကို စဉ်းစားနေမိ၏။

ချောင်ဟွေ့က အကြောင်းပြချက်မရှိဘဲ ပြဿနာရှာတတ်သူမဟုတ်တာကို သူကောင်းစွာသိသည်။ သူ(မ)လုပ်သမျှမှာ အကြောင်းပြချက်ရှိတတ်သည်။ စိတ်အလိုလိုက်ပြီး သူ(မ)လုပ်ချင်တာကို တဇွတ်ထိုးလုပ်လေ့ရှိသူမဟုတ်။ သူ့ဇနီးလေးက အတိုင်းအတာတစ်ခုအထိလည်း နားလည်မှုရှိ၏။

ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်ပဲ ဖြစ်ရမယ်။

သူ ဧည့်ခန်းထဲပြန်သွားပြီး ဖုန်းကိုယူလိုက်၏။ချောင်ဟွေ့ကတော့ အိပ်ခန်းထဲမှာ အိပ်လို့ကောင်းဆဲ။သူ အိပ်ခန်းထဲသွားပြီး အိပ်မောကျနေသော အလှလေးချောင်ဟွေ့ကို တစ်ချက်ကြည့်လိုက်၏။

ချောင်ဟွေ့အိပ်‌နေပုံက အလွန်ကြည့်ကောင်းသည်။ သူ(မ)၏မျက်တောင်ရှည်များက အောက်မျက်ခွံအထိ ဖုန်းအုပ်ထား၏။အပြာရောင်ပိုးအိပ်ရာခင်းစက သူ(မ)လည်ပင်းပေါ်မှအနမ်းရာများကို ပို၍ထင်ရှားစေသယောင်။

သူ(မ)ကိုကြည့်ရတာ အင်မတန်ပင်ပန်းသွားပုံရ၏။ ရှုရီယန်ဝင်လာတာကိုလည်း သူ(မ)နည်းနည်းမှ သတိမထားမိပါ။ အိပ်ရာခင်းစကိုလက်ထဲဆုပ်၍ နှစ်ခြိုက်စွာဆက်လက်အိပ်မောကျနေ၏။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Onde histórias criam vida. Descubra agora