အခုတလော weibo ပေါ်တွင်ကောလာဟလတစ်ခုပျံ့နေ၏။
ဘယ်သူကစလိုက်မှန်းတော့မသိပါ။ သို့သော် အခြေအနေအရလည်း မှန်နိုင်ခြေရှိ၏။
နာမည်ရနေတာ ၂ နှစ်လောက်ကြာပြီဖြစ်သည့် မိဘနှင့်ကလေးဘဝပုံစံကိုရိုက်ကူးသော variety show တစ်ခုဖြစ်သည့် "ငါ့အဖေက စူပါမန်း" ဟူသော variety show တွင် ရှုရီယန်က သူ၏သုံးနှစ်ခွဲအရွယ်သားဖြစ်သူရှုဟောင်နှင့်ပါဝင်မည်ဟု သတင်းများထွက်နေခြင်းဖြစ်သည်။
သတင်းကလည်း မှန်နိုင်ခြေရှိ၏။
ရှုရီယန်၏ fan ဟောင်းများက ထိုသတင်းကိုကြားပြီးနောက် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။
ကလေးရပြီးကတည်းက မင်းသားက လူရှေ့မထွက်တော့သလောက်ပင်။
သူ အစကပြောခဲ့ဖူးသလို ခင်ပွန်းကောင်း အဖေကောင်းအဖြစ် နေထိုင်ခဲ့၏။ အရောင်အသွေးစုံလင်တောက်ပသော ရုပ်ရှင်လောကကိုစွန့်လွှတ်ပြီး မိသားစုထဲတွင်သာ ဘဝကိုမြှုပ်နှံထားခြင်းဖြစ်သည်။ထို့သို့နှစ်နှင့်ချီ၍ ကင်မရာရှေ့မှပျောက်နေသောရှုရီယန် ပြန်လည်ထွက်ပေါ်လာမည်ဟူသောသတင်းက မှန်နိုင်ခြေများလာသောအခါ သူ၏ fan ဟောင်းများ စိတ်မလှုပ်ရှားဘဲ၊ မပျော်ရွှင်ဘဲ မနေနိုင်ကြတော့ပါ။
"ငါ့အဖေက စူပါမန်း" page က တရားဝင်မကြေညာသေးသော်လည်း ပရိသတ်များကတော့ weibo ပေါ်တွင် ပျော်နေကြပြီဖြစ်သည်။[အစ်ကိုပြန်လာတော့မယ်! 】
[အိုး။သူ့ကိုတကယ်လွမ်းနေတာ! 】
[သူ variety show မှာပါရင်..... သူ့ကိုရိုက်တာတွေ ပြန်ကြည့်ခွင့်ရတော့မှာပေါ့။】
[အသက်သုံးဆယ့်ခြောက်နှစ်လောက်ရောက်လာတော့ အစ်ကိုက
ပိုပြီးယောင်္ကျားပီသလာတယ်။】[တစ်ခါက လူငယ်တစ်ယောက်က အခုတော့ တည်ကြည်ခံ့ညားတဲ့လူကြီးတစ်ယောက်ဖြစ်လာပြီ။]
[နေပါဦး။ရှင်တို့က အသက် ၃၆ နှစ်ရှုရီယန်ကြီးကိုပဲမျှော်နေကြတာလား။ သုံးနှစ်ခွဲအရွယ်ရှုဟောင်လေးကိုမျှော်နေတာ ကျွန်မတစ်ယောက်ပဲလား။]
[အပေါ်က တစ်ယောက်။ ကျွန်မပါပါတယ်! 】
ပရိသတ်များက ထိုသတင်းမှန်မမှန်ခန့်မှန်းနေကြစဉ်ပင် weibo မှ " ငါ့အဖေက စူပါမန်း" တရားဝင်စာမျက်နှာတွင် ကြေညာချက်တက်လာ၏။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...