Chapter 30

795 54 0
                                    

"ဒီနေ့ မစ္စတာရှုနဲ့အတူ လမ်းလျှောက်ထွက်ဖြစ်တယ်"

- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

အကုန်လုံး ဗိုက်ပြည့်ကုန်ပြီဖြစ်ပြီး အချိန်ကလည်း ည ၈ နာရီရှိ‌နေပြီဖြစ်သည်။ ကျောင်းပြန်ဖို့အချိန်လည်း နီးကပ်လာပြီ။

သူတို့လာတုန်းကတော့ စက်ဘီးနှစ်စီးဖြင့်လာခြင်းဖြစ်သည်။အခုအပြန်တော့ ချောင်ဟွေ့ စိတ်ပြောင်းသွားသည်။ သူ(မ) ရှုရီယန်နှင့် တစ်ခါမှ လမ်းလျှောက်မထွက်ဖူးပါ။ အခွင့်အရေးရတုန်း လမ်းတူတူလျှောက်ရအောင် ကြံလိုက်သည်။

လင်းမင်မင်ကလည်း စက်ဘီးစီးရတာခါးနာသဖြင့် လမ်းလျှောက်ပြန်ချင်၏။ သူတို့ရောက်နေသည့်နေရာကလည်း ကျောင်းဂိတ်ပေါက်နှင့် မဝေးလှပါ။ မိနစ်၂၀ ခန့်လျှောက်လျှင် ရောက်နိုင်သည်။

လင်းမင်မင်၏သမီးက ဖုန်းထဲတွင် ရယ်မောရင်းမေးနေ၏။

"ဒါရိုက်တာထန်အနောက်က စက်ဘီးလိုက်စီးရတာ ဘယ်လိုနေလဲအမေ။"

လင်းမင်မင်နှင့်သူ(မ)သမီးဖြစ်သူတို့၏ဆက်ဆံရေးက ကောင်းမွန်သည်။ အမေနှင့်သမီး ရင်းရင်းနှီးနှီး ဘာမဆိုပြောလို့ရသည်။ သမီးမေးတာကြားတော့ လင်းမင်မင်ကရယ်ရင်း 'မဆိုးပါဘူး' ဟု ပြန်ပြောလိုက်သည်။ ထန်မော်က စက်ဘီးစီးပိုင်နိုင်ပြီး သူ့နောက်လိုက်စီးရတာ လုံခြုံမှုအပြည့်ရှိသည်လို့ခံစားရ၏။ သို့သော် သူ(မ)၏ခါးကိုတော့ မသိမသာဖိထားရသည်။ သူ(မ)က အသက်ရလာပေပြီ။ ဒီလို romantic ဆန်ဆန် စက်ဘီးလျှောက်စီးသည့်လှုပ်ရှားမှုမျိုးက သူ(မ)နှင့် မသင့်တော်တော့ပါ။ လူငယ်တွေအတွက်ပဲ ကောင်းသည့်ကိစ္စဖြစ်သည်။

"နောက်တစ်ခါ အခွင့်အရေးရရင် သမီးလည်းစမ်းကြည့်ပေါ့။"

လင်းမင်မင်၏သမီးက သဘောကျစွာဖြင့် "အိုကေ။"

လင်းမင်မင်က သူ(မ)သမီးနှင့် ဖုန်းပြောနေစဥ် ချောင်ဟွေ့နှင့်ရှုရီယန်ကတော့ ဘေးချင်းယှဉ်လျက် ခပ်နှေးနှေးလမ်းလျှောက်နေကြ၏။ ထန်‌မော်တစ်ယောက်သာလျှင် အရှေ့ကနေ တစ်ဦးတည်း လျှောက်နေခြင်းဖြစ်သည်။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Où les histoires vivent. Découvrez maintenant