"မစ္စတာရှု နဲ့ သန့်ရှင်းတဲ့ ကျောင်းသားဘဝအချစ်မျိုး လိုချင်တာ။"
- ဂျိုဂျို၏ အိမ်ထောင်ရေး ဒိုင်ယာရီ
လူတွေကတော့ ငါ ကြွားနေတယ်ထင်မှာပဲ။ ငါကတော့ အေးဆေး။ ငါကြွားနေတာမဟုတ်မှန်း ငါအသိဆုံးလေ။
ချောင်ဟွေ့က အိပ်ရာထဲတွင် ကျန့်ကျားကျားနှင့် ငhat နေရင်း အချိန်များ မြန်မြန်ဆန်ဆန် ကုန်သွား၏။
ရှုရီယန်ဝင်လာတော့ အိပ်ရာထဲမှာ လွတ်လွတ်လပ်လပ်လူးလှိမ့်၍ ဖုန်းသုံးနေသော ချောင်ဟွေ့ကို တွေ့လိုက်ရသည်။ သူက နှုတ်ခမ်းသပ်လိုက်ရင်း
“ဒီကြောင်ပျင်းမလေး မထသေးဘူးလား။”
အို။ တကယ်တော့ သူ(မ)က အရမ်းအပျင်းမကြီးပါဘူး။
ကြောင်ပျင်းမလေးဟုအခေါ်ခံလိုက်ရသော ချောင်ဟွေ့က ဖုန်းကိုဘေးချပြီး ပြန်ပြောလိုက်သည်။ “ကျွန်မ ခဏနေထမယ်။”
ရှုရီယန်က ငုံ့လိုက်ပြီး သူ(မ)ကို ရုတ်တရက် ဖက်လိုက်သည်။
ချောင်ဟွေ့မျက်နှာလေး နီရဲသွားသည်။ “ရှင်...ရှင်ဘာလုပ်တာလဲ။”
ရှုရီယန်၏ မျက်မှန်အောက်တွင် ပုန်းကွယ်နေသည့် မျက်လုံးအစုံက သူ(မ)ကို ရွှန်းရွှန်းစားစား ကြည့်နေသည်။ သူရေရွတ်လိုက်တာက “ယဉ်ကျေးတဲ့အသုံးနှုန်းတွေ မသုံးနဲ့။ နာမည်ပဲခေါ်။”
ချောင်ဟွေ့လည်း မရဲတရဲလေးခေါ်လိုက်သည်။ "ရှုရီယန်။"
“ရှေ့ဆုံးတစ်လုံး ဖြုတ်လိုက်။”
ချောင်ဟွေ့၏နားရွက်များ ပန်းရောင်သန်းသွား၏။ သူ(မ)၏ခေါင်းမှာမူ ရှုရီယန်၏လည်ပင်းပေါ်တွင် မှီတွယ်လျှက်ရှိနေသည်။ သူ(မ) တိုးတိုးလေး ရေရွတ်လိုက်၏။ “ရီယန်။”
ရှုရီယန်၏မျက်ခုံးများက ကျေနပ်စွာဖြင့် မြင့်တက်သွားပြီး သူ့ဇနီးလေးကို ရေချိုးခန်းသို့ ချီမသွားတော့သည်။
သူက လက်တစ်ဖက်ဖြင့် ရေခွက်ထဲရေဖြည့်လိုက်ပြီး ကျန်တစ်ဖက်က သွားပွတ်တံပေါ်သို့ သွားတိုက်ဆေးများ ညှစ်ထည့်လိုက်သည်။ ကြည့်ရတာ သူက ဆက်၍ ကူညီလုပ်ကိုင်ပေးတော့မည့်ပုံပင်။
![](https://img.wattpad.com/cover/357437569-288-k81783.jpg)
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...