ကျောင်းမှတင်လိုက်သော ‘ပေချန်းအနုပညာကျောင်းရဲ့ ထိပ်တန်းပန်းကလေးနဲ့ထိုက်တန်သူဟာ ဘယ်သူလဲ’ဟူသည့်ပို့စ်၏ ရိုက်ခတ်မှုက ကျောင်းတွင်မသေးလှ။ နောက်နေ့ ချောင်ဟွေ့ အတန်းသွားတက်တော့ သူ(မ)နှင့် ရင်းနှီးသည့်မိန်းကလေးတစ်ဦးက လာမေး၏။
“နင် လုထင်းနဲ့ ပြဿနာ ဖြစ်ထားတာလား။”
ထိုမိန်းကလေး ဒီလိုထင်နေတာလည်း တကယ်တော့မဆန်းပါ။ ဒီပိုစ့်ရဲ့ရည်ရွယ်ချက်က လုထင်းကိုမြှောက်ပင့်ပြီး ချောင်ဟွေ့ကိုဆွဲချချင်နေတာ သိသာလွန်းသည်။ ချောင်ဟွေ့ကို ဦးတည် တိုက်ခိုက်နေခြင်းဖြစ်သည်။
ကျန်ကျားကျားက လက်သီးတစ်ဖက်ဆုပ်ပြီး အသံတိုးတိုးဖြင့်
“ ‘ကျောင်းအတူသွားကြစို့’ သရုပ်ဆောင်စာရင်းကို စောင့်နေလိုက်ပေါ့။ သူတို့တွေ မျက်နှာဖြတ်ရိုက်မိစေရမယ်။”
တကယ်တော့ အသေးစားရုပ်ရှင်ထုပ်လုပ်ရေးမှ idol drama အသေးစားလေးက ‘ကျောင်းအတူသွားကြစို့’ လို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နာမည်ကြီးနေသည့် variety show နှင့်ယှဉ်လို့မရပေ။
နင်က drama သေးသေးလေးရဲ့ ဒုတိယမင်းသမီးနေရာကနေသရုပ်ဆောက်ရမှာမဟုတ်လား။အခုထိ မင်းသမီးနေရာတောင်မရသေးတဲ့ဟာကို။ ဘာတွေများ ဂုဏ်ဆာနေတာလဲမသိဘူး။
ကျန့်ကျားကျားစိတ်ထဲ ထိုသို့သာတွေးလိုက်မ်သည်။လုထင်းမျက်နှာက တစ်လောကလုံးတွင် သူ(မ)သာလျှင် အကောင်းဆုံးဆိုသည့်ပုံနှင့်ဖြစ်သည်။ လူတွေကို အထင်သေးနေပုံရ၏။
ကျန့်ကျားကျားသည် weibo ကို တစ်နေ့ အကြိမ်ရာချီသုံးသည်။ တစ်ခါကြည့်လျှင် တစ်မိနစ်၊ နှစ်မိနစ်ခန့်။ သူ(မ)က ဖုန်း screen ထဲ ခေါင်း၀င်တော့မည့်ဟန်ဖြင့် ကြည့်နေရင်း စိတ်အားထက်သန်စွာ အော်လိုက်သည်။
“ကြေညာချက် တက်လာတော့လေ။ ဘာလို့မလာသေးတာလဲ။ ငါစိတ်မရှည်တော့ဘူး။"
နောက်ဆုံးတော့ နေ့လည် ၂နာရီမှာ ကျန့်ကျားကျား တစ်နေ့လုံးစောင့်မျှော်နေသော ကြေညာချက်ထွက်လာ၏။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...