Extra 8

192 19 0
                                    

သူတို့သရုပ်ဆောင်အုပ်စု မနက်စာစားပြီးနောက် ဒါရိုက်တာက ဒီနေ့လုပ်ဆောင်ရမည့် ကိစ္စများကို ချမှတ်လိုက်သည်။

"နွားချေးကောက်ရမယ်။"

ကျေးလက်ဒေသများတွင် အိမ်တိုင်းနီးပါး နွားနှင့်ဝက်များ မွေးမြူကြ၏။စားသောက်ရုံတင်မဟုတ်ဘဲ စီးပွားဖြစ်ရောင်းချရန်‌ပါ မွေး‌မြူကြသည်။
    
နွားနှင့်ဝက်များကို ဝဖြိုးကျန်းမာအောင်မွေးမြူကြပြီး နှစ်ကုန်ပိုင်းတွင် ရောင်းချကြ၏။
    
နွားချေးကောက်ရမည်ဟူသောစကားကြားပြီးနောက် သရုပ်ဆောင်များ၏တုံ့ပြန်မှုက တစ်ယောက်နှင့်တစ်ယောက်မတူကြပါ။
  
ရှုဟောင်က‌တော့ နားမလည်ပေ။ ထို့‌‌ကြောင့် သူ့အဖေကိုမေးလိုက်၏။

"ဒယ်ဒီ နွားချေးဆိုတာ ဘယ်လိုချေးမျိုးလဲ။

ရှောင်ဟေးကတော့ မျက်နှာမဲ့လိုက်ပြီး

" နွားချေးက အရမ်းနံတယ်မဟုတ်လား။"

တုန်းတုန်းကတော့ ပါးစပ်အဟောင်းသားဖြစ်နေ၏။ သူ(မ)မျက်နှာက ငိုတော့မည့်ပုံဖြစ်သည်။ သူ(မ)က‌ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး တုန်းကျန်၏လက်ကိုဆွဲ၍

" ဒယ်ဒီ ဒီကထွက်သွားကြရအောင်။"
     
တုန်းကျန်က နှစ်သိမ့်လိုက်၏။

" သမီးက ဒယ်ဒီလုပ်တာကိုပဲ ဘေးကကြည့်နေ။ ဟုတ်ပြီလား။"

တုန်းတုန်းက ခြေဆောင့်လိုက်ပြီး စိတ်ကောက်သောမျက်နှာဖြင့်

" မဟုတ်ဘူး။ ဒယ်ဒီ့ကိုလည်း အဲ့ဒါမျိုးတွေ မလုပ်စေချင်ဘူး။"

[တုန်းတုန်းက အရမ်းရိုးတာပဲ။ 】

[နားလည်နိုင်ပါတယ်။ သူက မိန်းကလေးလေ။ပြီးတော့ အသက်က ခြောက်နှစ်ပဲရှိသေးတယ် ။ မြို့ထဲမှာ မွေးကတည်းကကြီးလာတာဆိုတော့ နွားချေးလိုဟာမျိုးတွေနဲ့ ထိတွေ့ဖူးမှာမဟုတ်ဘူး။】

[ရှု‌ဟောင်ကပဲ ပိုချစ်ဖို့ကောင်းနေတာလား။】

[ဟားဟားဟား။ ရှုဟောင်လေးကတော့ ဘာဖြစ်နေမှန်းလုံးဝမသိဘူး။ သူ့ကြည့်ရတာ ဘာမှသိပုံမရဘူး။]

ယွမ်ရိ၏သား ချုံးချုံးကတော့ သူ့အတွေးကမ္ဘာထဲသူ ​မျောနေဟန်ပင်။ ခေါင်းငုံ့ပြီး ပုရွက်ဆိတ်များကို ရေတွက်နေ၏။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now