Chapter 11 (Z)

648 13 0
                                    

"သစ်ပင်အုပ်တွေနားမှာတွေ့ကြမယ် အချစ်လေးတဲ့။''

-ဂျိုဂျို ၏ အိမ်ထောင်ရေး ဒိုင်ယာရီ

ရှုရီရန်နှင့်ထန်မော်တို့ မိန်းကလေးဆောင်မှ ထွက်သွားပြီးမကြာခင်မှာပင် စုစုက ဒေါက်ဖိနပ်စီး၍ မျက်နှာသေနှင့်ဝင်လာ၏။ ဒီ variety show တွင်မပါခင်က  သူ(မ)၏ EQ IQ တို့နှင့် ဒီ show တွင် ကောင်းကောင်း စွမ်းဆောင်ပြနိုင်မည်လို့ ထင်ထားခဲ့သည်။ ‘ကျောင်းအတူသွားကြစို့’သည် သူ(မ)၏ ဘဝတက်လမ်းကို တစ်ဆစ်ချိုးပြောင်းလဲစေပြီး ပို၍အောင်မြင်စေနိုင်မည်လို့ တွက်ထားခဲ့သည်။ သို့သော် သူ(မ)ထင်မထားခဲ့သည်က ချက်ချင်း ဝင်ခွင့်စာမေးပွဲဖြေဆိုရခြင်းပင်။ မည်သည့်ပြင်ဆင်မှုမှမရှိခဲ့သဖြင့် သူ(မ)က အဆင့် ၅ နေရာသာရခဲ့သည်။ အသက် ၄၀ အရွယ်လင်းမင်မင်ပင် သူမထက်သာသေးသည်။

နောက်ထပ် စာမေးပွဲတစ်ခုလုပ်ပေးရန် စုစုက ပရိုဂရမ်အဖွဲ့နှင့် သီးသန့်ဆွေးနွေးခဲ့သည်။ သို့သော် ဒါရိုက်တာက သူ(မ)၏တောင်းဆိုချက်ကို  ငြင်းလိုက်၏။ထိုဒါရိုက်တာသည် သဘောကောင်းပြီး ကြင်နာတတ်သောမျက်နှာရှိပြီး အမြဲလိုလို ပြုံးနေတတ်သူဖြစ်သည်။ ဒါပေမဲ့ သူ့စကားတွေကတော့ မကြင်နာပါ။ “ရှောင်စုရေ..ခင်ဗျား အကြိမ်ပေါင်းများစွာ ထပ်ဖြေရင်တောင်  ချက်ချင်းလက်ငင်း ၃၆ မှတ်ကနေ ၁၀၀ ဖြစ်လာမှာမဟုတ်ဘူးလေ။"

မုန်းစရာကောင်းလိုက်တာ။

show က အလွန်နာမည်ကြီးလာသည်နှင့်အမျှ ဒါရိုက်တာ၏သြဇာသည်လည်း အနုပညာရပ်ဝန်းတွင် ကြီးထွားလာခဲ့သည်။ ဒါရိုက်တာက မင်းသမီးဆိုပြီးလည်း မျက်နှာသာမပေးပေ။

သူ(မ)၏အလုပ်သည် ပညာရေးပိုင်းနှင့်မဆိုင်သော်လည်း သူ(မ) fan များ၏မျက်လုံးထဲတွင်မူ ပြီးပြည့်စုံသောနတ်သမီးတစ်ပါးပင်။ အခု ဘယ်လိုလုပ် အဲ့ဒီနတ်သမီးက ဒီလောက်နိမ့်သည့်အဆင့်ကိုရသည်လဲ။

fan များ၏ အလွန်အကျွံချီးမြှောက်မှုကို ခံလာရတာကြာပြီဖြစ်သောသူ(မ)အဖို့ မထင်မရှား အသစ်တစ်ယောက်နှင့်နှိုင်းယှဉ်ခံနေရသည်ကို ဘယ်လိုမှကျင့်သားမရနိုင်ပါ။ လင်းမင်မင်ကတော့  သူ(မ)ထက် အသက်ပိုကြီးသည့်အပြင် စီနီယာလည်းကျ အတွေ့အကြုံလည်း များစွာပိုသူဖြစ်သည်။ ပြီးတော့ လင်းမင်မင်သည် season 1 ကတည်းက ပါနေသူဖြစ်သည်။ ဒါပေမဲ့ ဘာလို့ အဆင့် ၁၈ တန်းသရုပ်ဆောင် ဂျူနီယာကောလိပ်ကျောင်းသူက သူ(မ)ထက် သာသွားရသည်လဲ။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Donde viven las historias. Descúbrelo ahora