Live room ထဲမှကြည့်နေကြသောပရိသတ်များအားလုံး အံ့အားသင့်သွားကြ၏။
ဝေဝေကိုယ်တိုင်လည်း အံ့အားသင့်သွားသည်။ရှုရီယန်က တကယ်ပဲ ဒီလိုကြီးထွက်သွားတာလား....
သူ့သားရှုဟောင်ကိုချီပြီး လှည့်မကြည့်ဘဲထွက်သွားခြင်းဖြစ်သည်။
ထူပေးမည့်သူမရှိတာကြောင့် ဝေဝေ သူ(မ)ဘာသာ ထလိုက်ရ၏။ သူ(မ)ကြောက်သွား၏။ လက်များလည်း တုန်ယင်နေသည်။
သူ(မ)မျှော်လင့်ထားသလို ရှုရီယန်လည်းမရှိတော့ပါ။မြေပြင်နှင့်မထိခင်မှာပင် သူ(မ)ခေါင်းထဲ ဟာတာတာဖြစ်သွားသလို ခံစားလိုက်ရ၏။
အကြောက်တရားကြောင့် သူ(မ)၏အတွေးများ ရုတ်တရက်မမှန်ပါ။သူ(မ) ဘာလုပ်ရမလဲဆိုတာကိုလည်းမသိတော့။သူ(မ)မလဲကျခင် လက်ဖြင့်ထောက်ဖို့ကြိုးစားခဲ့သေးသည်ကို မှတ်မိ၏။သို့သော် နောက်ကျသွားပြီဖြစ်ပြီး နွားချေးပုံထဲ မျက်နှာအပ်သွားတော့သည်။
သူ(မ)ခေါင်းကို ပြန်မော့ရန်ကြိုးစားလိုက်သော်လည်း နဂိုက သန့်ရှင်းဖြူဖွေးသော မျက်နှာ၊ အင်္ကျီ ၊လည်ပင်း စသည်တို့တွင် နွားချေးများပေနေလေပြီ။သူ(မ)လက်နှစ်ဖက်ကလည်း နွားချေးများထဲတွင် နစ်ဝင်နေ၏။
ဤအချိန်တွင် သူ(မ) သေသာသေလိုက်ချင်တော့သည်။
[ ကြည့်ရတာ နာသွားမဲ့ပုံပေါ်ပေမဲ့ ငါနည်းနည်းတော့ရယ်ချင်သွားတယ် ဟားဟားဟား။】[ရှုရီယန်ရှောင်သွားတဲ့ speed က အရမ်းမြန်တာပဲ။ 】
[ဒီလို မြင်ကွင်းကောင်းမျိုးကို live ကြည့်နေရင်း တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။】
[အစ်ကို့လှုပ်ရှားပုံကမြန်လိုက်တာ။ ကောင်းတယ်! ]
[ရှုရီယန် : ငါ့မိန်းမကလွဲပြီး ဘယ်သူမှ ငါ့ဆံပင်မွေးတစ်မျှင်တောင် ထိခွင့်မရှိဘူး! ]
စက္ကန့်အနည်းငယ်ကြာတော့မှ အခြားကောင်မလေးများသိသွားပြီး ခုနက live room ထဲအော်သလိုအော်ကြတော့သည်။
[စိတ်ပျက်စရာတွေ။】[ဒီမိန်းမတွေက အဲ့ဒီလိုတွေဝတ်စားပြီး နံစော်နေတဲ့နွားချေးပုံနား ဓာတ်ပုံသွားရိုက်ချင်ကြရလား။ ]
[ဟားဟားဟား ကင်မရာသမား အစ်ကိုလေးတောင် တည့်တည့်မရိုက်ပေးရဲတော့လို့ ကင်မရာလှည့်လိုက်ပြီ။】
![](https://img.wattpad.com/cover/357437569-288-k81783.jpg)
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...