"မစ္စတာရှုရဲ့ရင်ခွင်ထဲကို ခုန်ဝင်ပစ်လိုက်ချင်တယ်။"
- ဂျိုဂျို၏ အိမ်ထောင်ရေး ဒိုင်ယာရီ
အတန်းပြီးတော့ ချောင်ဟွေ့နှင့်ကျန့်ကျားကျားတို့က နောက်အတန်းတက်ရန် အခြား အဆောင်ဘက်သို့ထွက်လာစဉ် လုထင်းတို့စုံတွဲနှင့် ကျောင်းကဖေးရှေ့တွင်ဆုံသည်။
လုထင်းက ပန်းအဖြူရောင်လေးတစ်ပွင့်ပန်ထားကာ အဖြူရောင်စံပယ်ပန်းများထိုးထားသော ချည်သားစကပ်အဖြူကို၀တ်ဆင်ထားခြင်းဖြစ်သည်။
သူ(မ)၏နက်မှောင်သောဆံပင်ကို အနီရောင် ခေါင်းစည်းကြီးကြီးတစ်ခုနှင့် စည်းနှောင်ထားသည်။ ပိုးခြေအိတ်များဝတ်ဆင်ထားသောခြေတံတို့က ဖြောင့်စင်းနေ၏။
မတ်လဖြစ်၍ ရာသီဥတုက မပူသေး။ တိုက်ခတ်သောလေတွင် နွေဦး၏ အေးစက်သော အငွေ့အသက်များ ပါဝင်နေသေးသည်။
လုထင်းကတော့ အပေါ်အောက် ချည်သားဝတ်စုံပါးနှင့် သနားစရာတောင်ကောင်းနေသည်။ ‘သနားကမားလေး’ ဆိုသော မု ၀င်နေသလိုပင်။
ကျန့်ကျားကျားက သောက်နေလက်စ လက်ဖက်စိမ်းရည်ကို အမြန်မျိုချလိုက်သည်။
ချောင်ဟွေ့ကိုမြင်တော့ လုထင်းက ရှရန်နှင့် လက်ချင်းချိတ်လိုက်ပြီး ရွှန်းရွှန်းစားစားကြည့်ကာ တိုးညင်း ညင်သာစွာ ပြောလိုက်၏။
" ရှင်က အရမ်းကောင်းတာပဲ။ ရှင်နဲ့ပြတ်တာ သူတော့ ကံဆိုးတာပဲ။”အသံက မနိမ့်မမြင့်နှင့် အားလုံး ကြားနိုင်လောက်သောအသံဖြစ်သည်။
ရှရန်ကတော့ တိတ်ဆိတ်နေသည်။ သူက ဒီတလော ပင်ပန်းပုံပေါက်နေသော်လည်း အရင်လို ချောမောတုန်းပင်။
ချောင်ဟွေ့ကတော့ ဘာမှမတုန့်ပြန်။ သို့သော် ကျန့်ကျားကျားကမူ ရွံရှာလာပြီး ဆက်နားမထောင်ချင်တော့။ အနှီသူ(မ)သည် သူများရည်းစားလုရုံသာမက ချောင်ဟွေ့ကပင် ဦးနှောက်မဲ့စွာ ဖြတ်လိုက်သည့်ပုံပေါက်အောင် ပြောနေသေးသည်။ ဒီစနိုက်ကြော်မကတော့ ဒီလိုမျိုးတွေမှာ အရမ်းတော်တာပဲလား ။
ချောင်ဟွေ့ကတော့ တည်တည်ငြိမ်ငြိမ်ပင်။ ကျန့်ကျားကျားပြောတာလည်း မှန်သည်။ သူများနောက် ပါသွားတတ်သူအတွက် နှမြောစရာမရှိ။သူ(မ)က အချိန်မီ ဖြတ်နိုင်လိုက်ခြင်းပင်ဖြစ်သည်။
VOCÊ ESTÁ LENDO
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...