Chapter 56

238 32 0
                                    

မနက်ခြောက်နာရီသာ ရှိသေး၏။ ဒီအချိန်က ညမအိပ်သူများရဲ့ အိပ်ချိန်ဖြစ်ဖြစ်ပြီး မနက်အလုပ်သွားသူများရဲ့ အိပ်ရာထချိန်ဖြစ်သည်။ weibo ကြည့်နေသူအရေအတွက်က မများလှပါ။

သို့သော် # ရှုရီယန်ရဲ့သံသယဖြစ်စရာအချစ်ရေး # ဟူသော hot search ကတော့ အချိန်တိုအတွင်း ထိပ်ဆုံးနေရာသို့ ရောက်လာ၏။

အများစုက သူငယ်ချင်းများဖုန်းဆက်ပြောသဖြင့် သိသွားကြပြီး မယုံနိုင်သောမျက်နှာများဖြင့် ဝင်ကြည့်ကြသူများဖြစ်သည်။

chat group ထဲမှာရော fan တွေကြားထဲမှာပါ ထိုပုံများကိုတွေ့သွားပြီး ဆူညံပွက်လောရိုက်ကုန်ကြတော့သည်။

[ ငါမယုံဘူး၊ ဝူးဝူးဝူး.... ]

[အစ်ကို ချစ်သူရသွားပြီတဲ့၊ ငါ့အသဲတွေတော့ ကွဲပါပြီ ]

[ မလုပ်ကြပါနဲ့ ]

[ ဒါရုပ်ရှင်တစ်ခုအတွက် ပရိုမိုးရှင်းဆင်းနေတာနေမှာပါ၊ အစ်ကိုကိုယ်တိုင်ပြောမှ ငါယုံမယ် ]

[ ဖိုတိုရှော့ကြီးနေမှာပါ၊ အစ်ကိုက ဘာမှမပြောသေးပါဘူး၊ စိတ်ငြိမ်ငြိမ်ထားကြပါ ညီအစ်မတို့ ]

ထို comment များက ရှုရီယန် fan များ၏ comment များဖြစ်သည်။

[ ဒီအမျိုးသမီးက ဘယ်ကလဲ၊ စိတ်ပျက်စရာပဲ ]

[ ပုံစံကတော့ ကျန်းဆုလီလုံးဝမဟုတ်ဘူး၊ မှားနေပြီ ]

[ ကြည့်ရတာ ငယ်ငယ်ကအချစ်တွေက ပြန်မပေါင်းနိုင်ခင်ပဲ အေးစက်ကုန်ကြပြီထင်ပါရဲ့ ]

[ ရှုရီယန်က သူ့အချစ်‌ရေးကိစ္စကို လူတွေသိအောင် တမင်ချပြလိုက်တာလို့ ထင်တယ်၊ လူတွေက သူ့ကို ကျန်းဆုလီနဲ့ အတင်းပေးစားနေကြတာကိုး ]

ထို comment များက ကျန်းဆုလီနှင့်ရှုရီယန်ကို သဘောတူသော လမ်းကြုံ fan များရဲ့ comment များဖြစ်သည်။

[ ဝိုး။ အစ်ကိုအနမ်းပေးပုံက စွဲထင်ကျန်နေခဲ့မဲ့ပုံပဲ၊ ကြည့်လို့ကောင်းလိုက်တာ ]

[ ဒီနေ့ ငါမနာလိုအဖြစ်ရဆုံးနေ့ပဲ၊ ဒါပေမဲ့ သူတို့က လိုက်ဖက်ကြပါတယ် ]

[ အစ်ကို့ရဲ့ မိန်းကလေးပေါ်မှာထားတဲ့အချစ်ကို ခံစားမိတယ်၊ ငါလည်း သူ့လို ကံကောင်းပါစေ ]

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now