ချောင်ဟွေ့က ထိုအကြာင်းအရာကို အလိုလိုကျော်လိုက်မိ၏။
သူက သူ(မ)ကို လှပပီးအရသာရှိတယ်လို့ ပြောနေခြင်းဖြစ်သည်။ live လွှင့်နေချိန် များပြားလှသော viewer များရှေ့တွင် ပြောနေခြင်းဖြစ်သည်။ ကံကောင်းသည်က သူတို့ဘာတွေပြောနေသည်ကို မည်သူမှမသိနိုင်ကြခြင်းပင်။ ဘယ်သူမှမသိနိုင်သော်လည်း သူ(မ) နည်းနည်းတော့ရှက်နေမိ၏။
သူ(မ)က မုန့်တွေထိုင်စားနေရင်း ရှုရီယန်နှင့် chat နေသည်။ သူ(မ)တွေးသည်က ဒီအချိန်သည် ရှုရီယန်ဘာကြိုက်တတ်လဲ စူးစမ်းရန် အချိန်ကောင်း ဖြစ်သည်။ အခုပဲ သစ်တောပိုင်ရှင်က သစ်သီးမျိုးစုံယူလာသည့်အထဲတွင် ရှုရီယန်က လိမ္မော်သီးကိုသာရွေးချယ်ခဲ့၏။
သူ(မ)က လက်တစ်ဖက်နှင့်မေးထောက်ရင်း ညာဘက်လက်ဖြင့် စာရိုက်နေသည်။ ခုနက သူ(မ)ကို ရှုရီယန်မေးထားတာကို ပြန်မဖြေတော့ဘဲ သူ(မ)ကသာဆက်မေးလိုက်၏။ "ရှင်က အသီးတွေထဲမှာ လိမ္မော်သီးကြိုက်တာလား။"
ရှုရီယန်က 'အင်း'ဟု ပြန်ဖြေလာသည်။
"မုန့်တွေထဲကဆိုရင်ကော။"
"ပုံမှန်ဆို စားခဲတယ်။"
"အစားအစာတွေထဲရော ဘာတွေကြိုက်လဲ။"
"ပင်လယ်စာ။"
ချောင်ဟွေ့က သူ(မ)၏မျက်လုံးများကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း သေချာမေးလိုက်၏။ "အဲ့ဒါဆို ကျွန်မကြိုက်တဲ့အစားအစာတွေကိုရော သိလား။"
ထိုသို့မေးလိုက်ပြီးနောက် သူ(မ)က chat box ကိုစိုက်ကြည့်ပြီး reply ပြန်အလာကိုစောင့်နေ၏။ ရှုရီယန် ဘယ်လိုပြန်ပြောလာမလဲလို့ အလွန်သိချင်မိသည်။ လက်ထပ်ပြီး သိပ်မကြာခင်ကတည်းက သူ(မ)ခံစားနေရသည်က ရှုရီယန်က သူ(မ)အကြိုက်တွေကို လုံး၀မသိဟုပင်။
၁ မိနစ်ခန့်ကြာတော့ ရှုရီယန်က reply ပြန်လာ၏။ "သခွားသီးအရသာအာလူးကြော် ကြိုက်တယ်။ ခရမ်းချဉ်သီးနဲ့ ကြက်ဥကြော်တာကိုကြိုက်တယ်။ ဝက်နံရိုးနဲ့ sause တွဲစားရတာလည်း ကြိုက်တယ်မလား။"
ချောင်ဟွေ့ အံ့ဩသွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။
အမှန်တွေပဲ။ သူဘယ်လိုလုပ်သိနေရတာလဲ။
KAMU SEDANG MEMBACA
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romansaချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...