"ပိုးစာသီးတွေ စားတယ်တဲ့။"
- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ
ကောင်မလေးက ချောင်ဟွေ့အဖြေကိုကြားပြီး "ဝိုး ...ပိုးစာသီးဆို ညီမလည်းစားချင်တယ်။ အရမ်းကြိုက်တာ။"
သူတို့ သစ်တောဝန်းကိုလာတော့ ဆရာတွေက အသီးတွေစားလို့မရဘူးဟု မမှာထားပေ။ အပြင်ထွက်လည်ပြီး အပင်စိုက်ရန်သာဖြစ်သည်။ အခုခရီးမှာက သူတို့ယူလာသည့်မုန့်တချို့ကိုသာ စားထားရသည်။
ဒီနေရာမှာ မှည့်ဝင်းနေသော၊ စားချင့်စဖွယ် ချိုမြနေသောသစ်သီးများနှင့် ပြည့်နေသည်။ ထို့ကြောင့် ကောင်မလေးလည်း အသီးများကို ခူးစားဖို့ပြင်နေပေပြီ။ ခူးမစားရင် ဝယ်စားရမှာလေ။
ရှုရီယန်ကလည်း ရက်ရောစွာဖြင့် "ပိုးစာသီးတွေကြိုက်သလောက်သာစားကြ ညီမတို့။"
ကြိုက်သလောက်စားတဲ့။ ကောင်မလေးက အံ့သြသွား၏။ "စားလို့ရတယ်ပေါ့။"
ရှုရီယန်က 'အင်း'ဟု ခေါင်းညိတ်လိုက်သည်။ "အဲ့ဒါဆို ညီမစားပြီနော်။" ကောင်မလေးက 'ညီမတို့'ဟူသောစကားလုံးကို သေချာနားလည်လိုက်ပုံရ၏။ သူတို့အားလုံး စားလို့ရသည့်သဘောပင်။ ထို့ကြောင့် သူ(မ)က သူငယ်ချင်းများကိုပါ တူတူစားဖို့ခေါ်လိုက်တော့သည်။
...
အိမ်သာနားတွင် ကင်မရာသမားနှစ်ယောက်က ပျင်းရိစွာ စောင့်နေကြ၏။ သူတို့အဖို့ အချိန်ကုန်အောင် ဘယ်လိုလုပ်ရမလဲမသိဖြစ်နေသည်။
live room ထဲရှိပရိသတ်များက စပြီး အသံထွက်လာပြီဖြစ်သည်။ သို့သော် သူတို့လည်း ဘာမှမလုပ်နိုင်ပါ။ သူတို့စောင့်နေစဉ်ပင် အိမ်သာနားက ကျောင်းသားများ အိမ်သာနောက်သို့ ပြေးသွားကြသည်ကိုတွေ့လိုက်ရသည်။
ကင်မရာသမားနှစ်ယောက်လည်း တစ်ခုခုထူးခြားနေတာကို သတိထားမိသွား၏။ "အကုန်လုံး အနောက်ဘက်ကို သွားနေကြသလိုပဲ။"
"ငါတို့လည်း သွားကြမယ်လေ။"
"တစ်ခုခုတော့ တစ်ခုခုပဲ။ အရင် သွားကြည့်ကြရအောင်။"
သူတို့ ကင်မရာများထမ်းပြီးထွက်လာတော့ ပျော်ရွှင်အော်ဟစ်နေကြသော ကောင်မလေးများကိုတွေ့လိုက်ရသည်။
BẠN ĐANG ĐỌC
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Lãng mạnချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...