Chapter 57

439 34 0
                                    

"ဟန်းနီးမွန်း"

- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

ချောင်ဟွေ့ ဘာမှမတုံ့ပြန်နိုင်ပါ။

သူ(မ)လက်ထဲမှဖုန်းက အဆက်မပြတ် vibrate မြည်နေ၏။ သူ(မ)နှင့်ရင်းနှီးသူတွေရော မရင်းနှီးသူများကပါ ဖုန်းခေါ်နေကြလေသည်။ သူတို့က သူ(မ)နှင့် ရင်းနှီးချင်၍ မဟုတ်လည်း သူ(မ)ချစ်သူရခြင်းအတွက် ဂုဏ်ပြုစကားပြောချင်တာ‌ကြောင့်ဖြစ်မည်။

ဖုန်းကို flight mode ပြောင်းထားရုံမှလွဲ၍ သူ(မ)မှာ ရွေးချယ်စရာမရှိတော့ပါ။

သူ(မ)နှင့်မစ္စတာရှုအကြောင်း လူသိရှင်ကြားကြေညာလိုက်လေပြီ။အိပ်မက်မက်နေသလိုပင်။

ရှုရီယန်က ကြောင်အမ်းအမ်းဖြစ်နေသော ချောင်ဟွေ့၏မျက်နှာလှလှလေးကို ညာလက်ဖြင့် ခပ်ဖွဖွထိတွေ့လိုက်ပြီး

" ဘာဖြစ်လို့လဲ။ မပျော်ဘူးလား။"

မပျော်ဘူးလားတဲ့။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူ(မ)က ဘယ်လိုလုပ် မပျော်ဘဲရှိရမှာလဲ။ သူ(မ)အတွက် ခိုင်မာတဲ့အားကိုးရာတစ်ခု ရှိနေပြီမဟုတ်ပါလား။

သူ(မ)နှင့်ရှုရီယန်ကြားက ကြီးမား‌သည့်ကွာခြားချက်ကို  သူ(မ)ကောင်းကောင်းနားလည်၏။  လူသိရှင်ကြားချပြခြင်းက  ရှုရီယန်အတွက် အများကြီးနစ်နာသွားပြီး သူ(မ)ကတော့ အမြတ်ကြီးရသွားလေပြီ။ဒီနေ့ကစပြီး သူ(မ)ရမည့် အခွင့်အရေးနှင့် အဆက်အသွယ်တို့လည်း များပြားလာတော့မည်ပင်။ သို့သော် ရှုရီယန်ကတော့ သူ့  fan တစ်စုကို လက်လွှတ်ဆုံးရှုံးခံလိုက်ရပြီဖြစ်၏။

သူ(မ) ရှုရီယန်၏အောင်မြင်မှုကို အမှီပြုရန်မတွေးဖူးပါ။ သူ(မ)က ရှုရီယန်ကို ဒီလိုအရာတွေကြောင့် လက်ထပ်ခဲ့တာမဟုတ်ပါ။

ချောင်ဟွေ့ရဲ့အတွေးများကို ရှုရီယန်က အကဲခတ်မိသွားဟန်ဖြင့်
"ခင်ပွန်းတစ်ယောက်အနေနဲ့ ကိုယ်က မင်းလျှောက်မဲ့လမ်းကို ခင်းပေးသင့်တယ်မဟုတ်လား။"

ချောင်ဟွေ့ မျက်လွှာချလိုက်၏။ သူ(မ)က ငိုချင်နေမိသည်။

တချို့မိဘတွေတောင် ကိုယ့်တာဝန်ကိုယ်မကျေကြပေ။ သူ့တို့ကလေးတွေအတွက် မစဉ်းစားပေးကြ‌။ မိဘမဟုတ်သည့်လူများဆို ထည့်ပြောရန်ပင်မလို။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now