Chapter 26

753 72 2
                                    

"ရှင့်ကို အမြတ်နိုးဆုံးပဲ"

- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

အခြားသရုပ်ဆောင်များလည်း အခုမှ သဘောပေါက်သွားတော့၏။စားစရာအပြည့်နှင့်စားပွဲကြီးက တကယ်‌တော့
ရှုရီယန်၏အနုပညာသက်တမ်းခြောက်နှစ်ပြည့်အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ ဒါတွေအားလုံးက ရှုရီယန်ကြောင့်ဖြစ်သည်။

သို့သော် ရှုရီယန်ကြောင့်ဟူ၍လည်း အတိအကျပြော၍မရပါ။ချောင်ဟွေ့သာ ပရိုဂရမ်အဖွဲ့ကိုမတောင်းဆိုထားခဲ့လျှင် ဒီည ဒီပွဲရှိလာခဲ့မည်မဟုတ်။ အဓိကကတော့ ချောင်ဟွေ့ကြောင့်သာဖြစ်သည်။

လင်းမင်မင်က လူငယ်စုံတွဲကို မနီးမ‌ဝေးမှသာ ဘာမှမပြောဘဲ ပြုံး၍ကြည့်နေ၏။ ယောင်္ကျားဖြစ်သူက အနုပညာလောကတွင် အောင်မြင်သောကြယ်တစ်ပွင့်ဖြစ်သည်။ ဇနီးဖြစ်သူကလည်း ထွန်းတောက်တော့မည့်ကြယ်တစ်ပွင့်ပင်။ လက်ရှိတော့ သူ(မ)က လူသိမများသေးသော်လည်း သူ(မ)၏ အချိုးကျနလှသောအကပညာနှင့် စာ‌တော်သောကျောင်းသူတစ်ယောက်အဖြစ်ကျော်ကြားမှုက မကြာမီပင် အောင်မြင်မှုလမ်းကြောင်းပေါ် တက်လှမ်းတော့မည်ဖြစ်သည်။ ဘယ်လိုပဲကြည့်ကြည့် သူတို့နှစ်ဦးက လိုက်ဖက်လှသောစုံတွဲပင်။

အဖိုးကြီးတင်းက ဝင့်ကြွားစွာဖြင့် အကျီလက်ကိုမတင်လိုက်ပြီး "ခင်‌ဗျားတို့မှာ ပုံဆွဲစာရွက်နဲ့စုတ်တံရှိလား။ ရှုရီယန်ရဲ့ အနုပညာသက်တမ်းခြောက်နှစ်ပြည့်အတွက် အမှတ်တရ လက်ရေးလှစာလုံးရေးပေးမလို့။" ဝန်ထမ်းများက အဖိုးကြီးတင်းလိုအပ်သည်များကို ချက်ချင်း စီစဉ်ပေးလိုက်ကြ၏။ အဖိုးကြီးတင်းက အနုပညာ‌မြောက်စွာ လွတ်လပ်၍ ခန့်ညားနေသောစာလုံးများကို ရေးလေ‌တော့သည်။ တကယ်တမ်းပြောရလျှင် သူ၏လက်ရေးလှစာလုံးသည် ငွေကြေးအမြောက်အမြားတန်ဖိုးရှိသည်။ အခုဆိုလျှင် သူ့ရဲ့လက်ရေးလှစာလုံးများကို ဈေးကွက်ထဲတွင်ပင် ဝယ်ယူရန်မလွယ်တော့ပေ။ သို့သော် သူက ရှုရီယန်ရန်အတွက် ကြီးမားသောစာလုံးများကို မတွန့်မဆုတ် ရေးပေးခဲ့သည်။

"ကြီးပွားအောင်မြင် အချစ်ရေးလည်း ပျော်ရွှင်ပါစေ။"

Presenter ကပြုံး၍ ပြောလိုက်၏။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now