Chapter 44

2.1K 134 0
                                        

ထို့ကြောင့် ချောင်ဟွေ့က သူ့အခန်းထဲဆက်နေပြီး ရှုရီယန်အနားယူတာကို အ‌နှောင့်ယှက်ဖြစ်အောင်မလုပ်သင့်ဘူးဟု နားလည်လိုက်သည်။

ရှုရီယန်က သူ(မ)၏ ဖြူဖွေးနေသောခြေထောက်များကိုကြည့်ပြီး
"ဘာလို့ ခြေအိတ်မဝတ်တာလဲ။"

အခုထိ သူက ဒီခြေထောက်အကြောင်းကိုတွေးနေတုန်းပင်။

သူ(မ)၏နောက်ဆုံးအကွက်က 'စော်ကားသည်'ဟု ယဉ်ယဉ်ကျေးကျေးခေါ်လို့ရသော်လည်း တစ်ဖက်မှကြည့်လျှင် 'မြှူဆွယ်သည်'ဟု အဓိပ္ပာယ်သက်‌ရောက်နေ၏။

သို့သော် လုပ်သည့်လူက‌တော့ သတိမထားမိပေ။

ချောင်ဟွေ့က

"အခန်းချင်းက သိပ်မဝေးတော့ လမ်းမှာ‌ ခြေအိတ်ဝတ်ရလောက်တဲ့အထိမအေးဘူးလေ။"

ထိုသို့ပြောပြီး သူ(မ)၏ခြေမကို ကွေးလိုက်၏။ သူ(မ)ခြေထောက်များသည် သေးသွယ်လှပသည်။ သူ(မ)အသားအရေကမူ ဖြူ‌ဥနေလေ၏။

ထို့နောက် ချက်ချင်းဆိုသလို ဖိနပ်ကိုကောက်စီးလိုက်သည်။

ရှုရီယန်ကတော့ နှ‌မြောသွားပုံရ၏။

ထို့နောက် ဘေးတွင်တင်ထားသော နှာခေါင်းစည်းကိုယူ၍ တပ်လိုက်သည်။  ဦးထုပ် ဆွယ်တာတို့ကိုလည်း ပြန်ဝတ်လိုက်ပြီး ထွက်ခွာရန်ပြင်လိုက်၏။ နှာခေါင်းစည်းမှတစ်ဆင့်ထွက်သော စကားသံမပီမသဖြင့် "မစ္စတာရှုလည်း စောစောနားတော့လေ။ မနက်ဖြန်ရိုက်ကွင်းသွားဖို့ အစောကြီးထရဦးမယ်မလား။"

"ရပါတယ်။"

ချောင်ဟွေ့က သူ့အလုပ်နှင့်အနားယူချိန်ကို အလွန်ဂရုစိုက်၏။ သူ(မ)ကြောင့် ရှုရီယန်၏အိပ်ရာဝင်ချိန်‌ကို နောက်မကျစေချင်ပါ။
"ဘာကိုရပါတယ်လဲ။ အခုအနားယူတော့လေ။ ဂွတ်နိုက်။ အိပ်မက်ကောင်းကောင်းမက်ပါစေ။"

ပြောပြောဆိုဆိုနှင့်ပင် ရှုရီယန်ကို အိပ်ရာပေါ်တွန်းပို့လိုက်ပြီး သူလဲလျောင်းသွားတော့မှ တံခါးဖွင့်ပြီး အခန်းထဲကထွက်လာခဲ့လိုက်၏။

ရှုရီယန်ဆီမှ သရုပ်ဆောင်ရမည့်အကြံဉာဏ်များရပြီးနောက် သူ(မ)က အရမ်းစိတ်လှုပ်ရှားနေပြီး အိပ်၍ပင်မ‌ပျော်ပေ။ အခန်းကိုပြန်ပြီး ဆက်လေ့ကျင့်ရမည်။ အခု ရှုရီယန်က သူ(မ)ကို တန်ဖိုးရှိသောထောက်ပြဝေဖန်ချက်များစွာ ပေးလိုက်ပြီဖြစ်သည်။ သူ(မ)၏အားနည်းချက်များကို သတိထားပြီးကြိုးစားရပေဦးမည်။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Donde viven las historias. Descúbrelo ahora