"အဲ့ဒီတော့ စိတ်ငြိမ်ငြိမ်ထား။"
- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ
လောလောဆယ် ရှုရီယန်ကတော့ အိမ်ကိုပဲ အမြန်ဆုံးပြန်ချင်နေသည်။ hot search ကိုလည်း ဝင်ကြည့်ချင်စိတ်မရှိပေ။ ထို့ပြင် ဤကိစ္စမျိုးက ဒီလောကမှာ ဖြစ်နေကျကိစ္စမျိုးသာဖြစ်၏။ ဒီရက်ပိုင်းအတွင်း သူအလုပ်အရမ်းများနေသည်။ mood မျိုးစုံ သွင်းနေရသည်။ သူ့စိတ်တွေထပ်ရှုပ်အောင် မလုပ်ချင်တော့။ သူ့တွင် ဒီလိုကိစ္စသေးသေးလေးတွေကို အာရုံစိုက်ဖို့ အချိန်မရှိပါ။တစ်ဖက်လူက ကျန်းဆုလီဆိုလျှင်ပင် သူအာရုံမထားနိုင်တော့ပါ။
"အင်း။ ဖြစ်နေကျကိစ္စပါပဲ။ ခင်ဗျားပဲ ကြည့်ရှင်းလိုက်။"
ရကောက ခေါင်းညိတ်လိုက်၏။ "အိုကေ။"
သူတို့လိုအေးဂျင့်တွေအတွက် ဒီလိုကိစ္စမျိုးက ကိုင်တွယ်နေကျဖြစ်သည်။ ရှုရီယန်က နာမည်ကြီးမင်းသားဖြစ်သည်။ ဒါကိုအသုံးချပြီး နာမည်ကြီးချင်သူ မင်းသမီးတွေလည်း အများကြီးရှိ၏။ အရင်ကဆိုလျှင် မင်းသားများပင် ရှုရီယန်ကို တမင်ဝေဖန်တိုက်ခိုက်ခြင်းများရှိဖူး၏။
မည်သူမဆို၊ မည့်သည့်အဆင့်သရုပ်ဆောင်မဆို ရှုရီယန်နှင့် ဆက်နွယ်ချင်ကြသည်။
နာမည်ကြီးလွန်းခြင်း၏ ဒုက္ခတစ်မျိုးပင်။
သို့သော် ယခုချိန်အထိတော့ မည်သူမှ အောင်မြင်ခြင်းမရှိသေးပေ။
ဗီဒီယိုအတိုလေးတွေကို နာရီနှင့်ချီကြာအောင်ကြည့်ပြီးတာတောင် ချောင်ဟွေ့ မအိပ်ချင်သေးပါ။ အရမ်းအိပ်ချင်သည့်အချိန်တစ်ခုကိုကျော်သွားလျှင် ပိုကြည့်လေ မျက်လုံးပိုကျယ်လေဖြစ်၏။ ထိုအချိန်တွင် တစ်ဖက်ကုတင်ပေါ်မှ ကျန့်ကျားကျားက "အလှလေး ချောင်ချောင်ရေ hot search ကိုတော့ ဖြုတ်ချလိုက်ပြီ။"
သူတို့နှစ်ယောက်စလုံး မျက်လုံးကြောင်နေကြပြီဖြစ်သည်။ အခု မနက် ၂နာရီပင်ထိုးနေချေပြီ။ အပြင်ဘက်တွင်မူ တိတ်ဆိတ်မှောင်မဲနေပြီဖြစ်သည်။ လူတော်တော်များများလည်း အိပ်မက်ကောင်းနေကြလောက်ပြီ။ သို့သော် သူတို့နှစ်ယောက်စလုံးရဲ့အိပ်ရာပေါ်မှာတော့ ဖုန်းမီးရောင်ကိုယ်စီ လင်းလျက်ရှိနေ၏။
![](https://img.wattpad.com/cover/357437569-288-k81783.jpg)
VOCÊ ESTÁ LENDO
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...