Chapter 50

202 20 0
                                    

"ကောင်းကောင်းအိပ်ပါ။နိုးလာရင် မင်းရဲ့ပူပန်မှုတွေအားလုံးကိုမေ့ပစ်လိုက်။"

- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

ချောင်ဟွေ့ ဖုန်းကိုအိတ်ထဲပြန်ထည့်လိုက်၏။ သို့သော် သူ(မ)က အိပ်ခန်းသို့ ချက်ချင်းပြန်မသွားသေးပါ။ လသာဆောင်တွင် လေညင်းခံ၍ ဆက်လက်ငေးမောနေ၏။

မနီးမဝေးမှကြယ်များက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ ပေချန်းမြို့နှင့် မနီးမဝေးရှိရုပ်ရှင်များ၊ ရုပ်သံဇာတ်လမ်းများ ရိုက်ကူးသည့်ရုပ်ရှင်မြို့‌တော်တွင်ကား တောက်ပလင်းထိန်လျက်ရှိနေသေးသည်ကို လှမ်းမြင်နိုင်၏။အခုချိန်အထိ ရုပ်ရှင်အဖွဲ့သားတွေ ဇာတ်ကားရိုက်နေကြတုန်းဖြစ်လိမ့်မည်။

ရှုရီယန်ကော ဘာလုပ်နေမလဲ။

‌ချောင်ဟွေ့ အိပ်ခန်းကိုပြန်ရောက်လာ၏။ကျန့်ကျားကျားကြည့်ရတာ comment တွေအကုန် လိုက်ဖတ်ပြီးသွားပုံပေါ်သည်။ သူ(မ)က အခုနောက်ဆုံးထွက်ထားသော ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်သည့် 'သန်မာသောမိန်းမ' အမည်ရှိ ဇာတ်လမ်းတွဲကို ကြည့်ရှုနေ၏။

ကျန့်ကျားကျားက တံခါးဖွင့်သံကြားတော့ မကြည့်ဘဲမေးလာသည်။ "အလှလေးချောင်‌ချောင် နင် " 'သန်မာသောမိန်းမ' ကိုကြည့်ပြီးသွားပြီလား။ ဇာတ်လမ်းနာမည်ကရိုးလို့ဆိုပြီး မကောင်းဘူးမထင်နဲ့နော်။ ဇာတ်လမ်းက တော်တော်ကောင်းတယ်ဟ။"

ချောင်ဟွေ့ ခေါင်းခါလိုက်၏။ သူ(မ)ဆီမှာ ဇာတ်လမ်းတွဲကြည့်ဖို့ အချိန်မရှိပါ။ သူ(မ)သည် မကြာသေးခင်ကမှ ရုပ်ရှင်မြို့တော်တွင် ဇာတ်ကားရိုက်ကူးပြီး ပြန်ရောက်လာခဲ့သည်မဟုတ်ပါလား။ အခုကျောင်းပြန်ရောက်တော့လည်း နှစ်ဝက်စာမေးပွဲအတွက် လုံးပမ်းနေရသေးသည်။အနားရ‌တာ နှစ်ရက်လောက်ပဲရှိသေး၏။

ကျန့်ကျားကျားက ဖိတ်ခေါ်လိုက်သည်။

"လာပါ။ ငါနဲ့အတူကြည့်ရ‌အောင်။"

ချောင်ဟွေ့ ငြင်းလိုက်၏။ ကျန့်ကျားကျားက ချောင်ဟွေ့တစ်ခုခု‌ကြောင့် စိတ်ဓာတ်ကျနေတာဖြစ်ရမည်လို့ထင်သွားပြီး

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now