အမှန်တော့ ဇာတ်ညွှန်းရေးဆရာက ချောင်ဟွေ့ကို ဒီနေ့မှတွေ့ဖူးပြီး အံ့ဩနေခြင်းဖြစ်သည်။ ချောင်ဟွေ့က တစ်မူထူးခြား၏။ ချောင်ဟွေ့သာ မင်ဆေးရေးပန်းချီကားတစ်ကားဆိုပါက မင်သားများဖြင့်စိုထင်းနေသော ပန်းချီကားတစ်ချပ်သာဖြစ်ပေလိမ့်မည်။
ထို့ပြင် ထိုမိန်းကလေး၏မျက်ဝန်းထဲတွင် ရည်မှန်းချက်ဟူသော အရာကိုတွေ့နေရ၏။ အရင်ကတည်းက သူ(မ)က လှသော်လည်း အနည်းငယ်ဖျော့တော့နေခဲ့သည်။ ထင်းထွက်မနေဘဲ ငြိမ်းချမ်းသည့်အလှမျိုးဖြစ်၏။ အားပျော့သည်။ သို့သော် အခုတော့ မတူတော့ပါ။
သူ(မ)က ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ပျံသန်းရန် တောင်ပံဖြန့်ကျက်နေပြီဖြစ်သည်။သူ(မ)ကိုယ်မှအလင်းရောင်များသည် မည်သည့်အခါမှ မှေးမှိန်သွားလိမ့်မည်မဟုတ်။
ရည်မှန်းချက်က သူ(မ)ကို ပို၍ယုံကြည်ချက်ရှိစေ၏။ တောက်ပစေ၏။
တစ်ညအတွင်းမှာပင် သူ(မ)၏စိတ်နေသဘောထား ပြောင်းလဲသွားခြင်းဖြစ်သည်။ လောကတွင် ရည်မှန်းချက်ကြီးသူကသာ ပို၍အောင်မြင်မှုရစမြဲပင်မဟုတ်ပါလား။
သူ(မ)နှင့်ယှဉ်လျှင် ဘေးမှကျန်းဆုလီပင် အနည်းငယ်မှိန်သွား၏။ အမှန်တော့ ကျန်းဆုလီသည်လည်း သာမန်လူများကြားတွင်တော့ ထင်းထွက်နေတတ်သူဖြစ်သည်။
သို့သော် ဒီနေ့တော့ ချောင်ဟွေ့ ဘေးနားတွင် သူ(မ)အရောင်က မှေးမှိန်သွား၏။
ခပ်လှမ်းလှမ်းမှချောင်ဟွေ့ကိုကြည့်နေသောအစ်မဟွမ်သည်လည်း စိတ်ချသွားပုံပေါ်သည်။
သူ(မ)ယုန်ဖြူလေးက ရည်မှန်းချက်တွေရှိလာပြီမဟုတ်ပါလား။
ယခင်က ချောင်ဟွေ့သည် ရည်မှန်းချက်ကြီးကြီးမားမားမရှိဘဲ သူ(မ)သဘောကျနှစ်ခြိုက်သော သရုပ်ဆောင်အလုပ်ကိုလုပ်နေရလျှင်ပင် ကျေနပ်နေသူဖြစ်သည်။ သာမန်သရုပ်ဆောင်ဘဝနှင့်နေရခြင်းအပေါ်လည်း ဝမ်းမနည်းပေ။ အဆင့် ၁၈ သရုပ်ဆောင်ဘဝဖြစ်နေလည်း သူ(မ)က လုံးဝဂရုမစိုက်ခဲ့။
ယခုတော့ သာမန်သရုပ်ဆောင်ဘဝမှရုန်းထွက်ရန် ဆန္ဒပြင်းပြနေလေပြီ။ ထိပ်တန်းအဆင့်သို့ တစ်ဆင့်ချင်း တက်လှမ်းပေတော့မည်။
BẠN ĐANG ĐỌC
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Lãng mạnချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...