Chapter 28

820 62 0
                                    

"ချောင်ချောင့်ကို လူတွေကြားထဲ သူထိန်းနေရတယ်။"

- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

ရှုရီယန်က ချောင်ဟွေ့ကိုကုန်းပိုးပြီး မိန်းကလေးအဆောင်သို့ ထမ်းလာခဲ့သည်။

စည်းကမ်းအရ ယောင်္ကျားလေးများက မိန်းကလေးအဆောင်ကို ဝင်ခွင့်မရှိပါ။  သူရေနွေးလာယူပေးတုန်းက အားလုံးရှိနေကြပြီး ပထမဆုံးနေ့ဖြစ်၍ သိပ်မတင်းကျပ်တာလည်းပါ၏။ နောက်ပိုင်းတော့ အဆောင်မှုးအန်တီက စည်းကမ်းတင်းကျပ်လာသည်။ ညပိုင်းစာကြည့်ချိန်က မစသေးတာကြောင့် အဆောင်ထဲတွင် မိန်းကလေး အမြောက်အမြားရှိနေသည်။သူတို့လူတစ်စု မိန်းကလေးအဆောင်ထဲဝင်ဖို့မသင့်တော်ပါ။

သူက ချောင်ဟွေ့ကို လင်းမင်မင်လက်ထဲသို့အပ်လိုက်သည်။

"ခင်ဗျားကိုပဲဒုက္ခပေးရတော့မှာပဲ။"

ဒီစကားက ဘာသဘောလဲ...

လင်းမင်မင် တစ်ဖက်လူကို အံ့အားသင့်စွာကြည့်လိုက်မိသည်။သို့သော် ပရိသတ်ကိုကျောပေးထားတာကြောင့် ဘယ်သူမှ သူ(မ)အံ့ဩသွားတာကို သတိမထားမိလိုက်ကြချေ။

[ အိုး လူကြီးလူကောင်းဆန်လိုက်တာ ]

[ အနုပညာလောကရဲ့ သဘောအကောင်းဆုံးအမျိုးသား ရှုရီယန် ]

[အစ်ကို အဲ့လိုဂရုစိုက်ပေးတာ ခံချင်လိုက်တာ၊ ငါ အိပ်မက်မက်နေတာပဲနေမှာပါလေ ]

[ ဒီနေ့က ငါ အရမ်းအားကျမနာလိုဖြစ်ရတဲ့နေ့ပဲ ]

လင်းမင်မင်က ချောင်ဟွေ့ကို အဆောင်ထဲခေါ်သွားမည်အလုပ်တွင် ချောင်ဟွေ့က‌‌ ရှုရီယန်၏အင်္ကျီစကို ဆွဲထားတုန်းပင်။နှုတ်ကလည်း မစ္စတာရှုဟု ရေရွတ်နေဆဲ။ သို့သော် သူ(မ)အသံက တိုးလွန်းနေ၍ live ကြည့်နေသော ပရိသတ်များက သေချာမကြားနိုင်ပါ။

ရှုရီယန်ကတော့ ကြားပါသည်။ ဒီလို နူးညံ့ချိုသာသောမစ္စရှု၏အသံကို မည်သူကများ တောင့်ခံနိုင်မည်နည်း။ မူးလာပြီးနောက် ချောင်ဟွေ့က ပို၍တွယ်ကပ်လာသည်။ ရှုရီယန်လည်း မသွားချင်ပါ။ သို့သော် အနားမှာ ကင်မရာတွေဝိုင်းနေ၏။သူ့အတွက် ဒီမှာ တစ်ချိန်လုံးနေဖို့ဆိုတာ မဖြစ်နိုင်ပါ။ မစ္စလင်းမင်မင်ကသာ သူ(မ)ကို အိပ်ခန်းထဲပြန်ပို့ပေးနိုင်သည်မဟုတ်ပါလား။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now