"ချိုမြိန်တဲ့အချစ်တွေပဲ၊ ကြည့်ရတာ ငါ့အလှည့်နဲ့တူတယ်။''
-ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ
ဤကမ္ဘာတွင် ‘ကိုယ်ဒီမှာ’ ဆိုသည့်စကားသုံးလုံးက ရင်ထဲအထိဆုံးစကားလုံးများပင်။မင်းဘက်က သူ့ကိုလိုအပ်နေချိန်တိုင်း ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်နေရာပဲဖြစ်ဖြစ် အကြွင်းမဲ့အစွမ်းတွေပိုင်ဆိုင်ထားသည့်စူပါမန်းတစ်ယောက်လို မင်းဘေးနားရောက်လာတတ်သည်။
ရှုရီယန်၏အသံကိုကြားလိုက်ချိန်တွင် အမှောင်ထဲမှာ တစ်ယောက်တည်းလမ်းလျှောက်နေခဲ့စဉ်က ခံစားခဲ့ရသည့် အကြောက်တရားများအားလုံး လုံးဝပျောက်ကွယ်သွားကာ ချောင်ဟွေ့နှလုံးသားကို လှုပ်ခါစေသည့် ခံစားချက်တစ်ခုသာ ကျန်တော့သည်။ ရှုရီယန် သူ(မ)ကိုပွေ့ဖက်လိုက်ချိန်မှာ အေးစက်စက် ညလေညင်းများကို လုံးဝပိတ်ဆို့ထားလိုက်သလို နွေးထွေးသွားတော့သည်။
ရှုရီယန်၏ခန္ဓာကိုယ်မှအပူငွေ့များက သူ(မ)ထံ ဆက်လက်ကူးစက်လာနေပြီး ချက်ချင်းပင် တစ်ကိုယ်လုံး နွေးထွေးသွားတော့သည်။
ညအချိန်က တိတ်ဆိတ်နေသည်။
ချောင်ဟွေ့ကြားနိုင်သည်က တစ်ဖက်သူ၏ရင်ခုန်သံနှင့် အသက်ရှုသံတို့သာဖြစ်သည်။ သူ(မ) အနည်းငယ် ရုန်းလိုက်သော်လည်း တစ်ဖက်မှ ပိုမိုတင်းကျပ်စွာဖက်လာသည်။
ရှုရီယန်က တိုးညှင်းစွာဆို၏။
'' မရုန်းနဲ့။ ကိုယ်မင်းကို တစ်နေ့လုံးမဖက်ရသေးဘူးလေ။၊ သေချာလေး ဖက်ပါရစေဦး။”
ထို့ကြောင့် ချောင်ဟွေ့လည်း ငြိမ်ငြိမ်နေပေးလိုက်သည်။
အင်မတန် အပြစ်ကင်းသောပွေ့ဖက်မှုတစ်ခုပင်။ ရှုရီယန်၏သိုင်းဖက်ထားသောလက်များက စည်းကျော်သည့်လုပ်ရပ်မျိုး ဘာတစ်ခုမှမလုပ်ဘဲ သူ(မ)နောက်ကျောတွင်သာ အေးအေးချမ်းချမ်းနေရာယူထားသည်။
လုံခြုံနွေးထွေးသောခံစားချက်များက ချောင်ဟွေ့၏နှလုံးအိမ်ထဲတွင် မှော်ဆန်ဆန်လွင့်မျောနေသည်။ အလွန်ထူးဆန်းသော ခံစားချက်တစ်မျိုးပင်။ အဓိပ္ပာယ်တော့ ဖော်မရ။ သို့သော် ခံစားလို့တော့ရသည်။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...