"အလိုက်တဲ့ရှုရီယန် "
-ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ
ချောင်ဟွေ့ အိပ်ရာခင်းအောက်တွင်ငြိမ်နေမိ၏ ။ တကယ်တော့ သူ(မ) ဘာမှကြီးကြီးမားမားလုပ်ဆောင်ထားတာမရှိဟုသာ ခံစားနေရသည်။ အခု ရှုရီယန်က သူ(မ)အတွက် ဂုဏ်ယူကြောင်းပြောမှ နည်းနည်းမြှောက်သွားသလို ခံစားရတော့၏။
ဖုန်းချလိုက်ပြီး weibo ကိုထပ်ဖွင့်ကြည့်ကာ လူတွေဘယ်လိုတုံ့ပြန်ကြလဲဆိုတာကိုကြည့်လိုက်၏။
v ကျောင်းအတူသွားကြစို့ : [ ဒီ season ကလူသစ်က တကယ်ထူးချွန်သူပဲ၊ သူ(မ)ကို follow လုပ်ပြီး ဗဟုသုတသမုဒ္ဒရာကြီးထဲ ကူးကြရအောင် ]
v လင်းမင်မင်: [ ကျွန်မသမီးက ချောင်ဟွေ့ကို အရမ်းသဘောကျနေပြီ၊ သူ(မ)က ကျွန်မကို ချောင်ဟွေ့အတွက် စကားတစ်ခွန်းပါးခိုင်းလိုက်တယ်၊ ‘အားတင်းထားပါအစ်မတဲ့’ ]
v တင်းကျူ: [ ဒီကောင်မလေးညံ့ရင်တောင် ကျုပ်လိုလူအိုကြီးထက် အများကြီးသာပါတယ်၊ ငယ်ရတာ ကောင်းတယ်။ ]
v ထန်မော်: weibo post ကို forward လုပ်သည်။
v ထိုသို့ ဝိုင်း forward လုပ်ကြသည့်အထဲ ရှုရီယန်လည်းပါ၏။
v ရှုရီယန်: [ မင်းက အတော်ဆုံးပဲ ]
[ t/n : v ဆိုတာ bluemark လိုပါပဲ။ တရားဝင်အကောင့်ပါ။ ]
အမ်။ အားလုံး ရှယ်ပေးကြတာပဲ။
ဒါပေမဲ့ ရှုရီယန်က အမြှောက်ပေးဆုံးဟု သူ(မ)ခံစားရသည်။ သူ(မ)က အတော်ဆုံးပဲတဲ့။
နောက်တစ်နေ့မနက်စောစော ချောင်ဟွေ့ အခန်းပြင်ထွက်တော့ မစ္စလင်းမင်မင်နှင့်ဆုံ၏။ ''ရွှယ်ပါး (စာကြမ်းပိုး) မနက်စာ တူတူစားကြမလား။''
တစ်ဖက်က ကြင်နာစွာစနေခြင်းကို ချောင်ဟွေ့သိပါသည်။ ချောင်ဟွေ့လည်း ပျော်ရွင်စွာဖြင့်ပင် ‘အိုကေပါ’ ဟုသဘောတူလိုက်၏။
သူတို့ကန်တင်းရောက်တော့ ကျောင်းသားအတော်များများ ရောက်နေကြပြိီဖြစ်သည်။ တချို့က သူတို့ကို မသိမသာကြည့်နေကြပြီး တချို့က ဓာတ်ပုံအတူလာရိုက်ကြသည်။ တချို့ရဲရင့်သော ကျောင်းသားများက ချောင်ဟွေ့အား နှုတ်ဆက်ကြသည်။ “မင်္ဂလာနံနက်ခင်းပါ။ မမရွှယ်ပါး” ( စာကြမ်းပိုး)
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...