Chapter 29

922 73 3
                                    

"မစ္စတာရှုနဲ့အတူကုန်ဆုံးရတဲ့နေ့ရက်တိုင်းမှာ ငါ အရမ်းပျော်ခဲ့ရတယ်။"

- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

ကောင်းကင်ယံသည် အနည်းငယ်မှောင်ရီလာရာမှ ခဏအကြာတွင် အမှောင်အတိပြီးသွားတော့၏။ ယာတောအိမ်ထဲတွင် မီးပုံးများထွန်းလိုက်သဖြင့် အားလုံးပေါ်သို့ နွေးထွေးသောမီးရောင်များဖြာကျသွားသည်။

ချောင်ဟွေ့က မျက်လုံးအစုံကိုမှိတ်၍ နွေဦးလေညင်းတို့ကို တစ်ဝကြီးရှူ‌သွင်းလိုက်သည်။ သူ(မ)စိတ်ထဲရှိ ရှုပ်ထွေးမွန်းကျပ်နေမှုများပျောက်ကွယ်သွားပြီး အေးချမ်းငြိမ်သက်မှုတို့သာ ကျန်ခဲ့လေတော့သည်။

ထိုင်လို့ကောင်းသောနေရာတစ်ခုတွင် မေးထောက်၍ ငြိမ်သက်စွာစောင့်ဆိုင်းနေ၏။

မှိုများက အရင်ဆုံးကျက်သွားသည်။ ရှုရီယန်က ဇီယာနှင့် ငရုတ်သီးမှုန့်များကို မှို‌ပေါ် ဖြူးလိုက်၏။ ပြီးနောက် ချောင်ဟွေ့ထံ ကမ်းပေးလိုက်ရင်း "မြည်းကြည့်။"

ချောင်ဟွေ့ သူကမ်းပေးသော အပ်မှိုအနည်းငယ်ကိုယူလိုက်ပြီး သေချာအရသာခံကြည့်လိုက်၏။

တစ်ကိုက်ကိုက်ပြီးနောက် မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်သည်။ရှုရီယန်က မျက်ခုံးများကိုပင့်၍ "ဘယ်လိုနေလဲ။"

ချောင်ဟွေ့က ဘာမှမပြောသေးဘဲ လက်မ အရင်ထောင်ပြလိုက်သည်။ နောက်မှ ကျေနပ်အားရစွာဖြင့် "အရမ်းကောင်းတယ်။"

ရှုရီယန်လည်း ကျေနပ်စွာပြုံးသွား၏။ "အိုကေ။"

ချောင်ဟွေ့က ဘေးမှာရပ်နေရင်း ရှုရီယန်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ သူက လက်ရှည်အင်္ကျီကို ခေါက်တင်ထားသည်။ ပြေပြစ်အချိုးကျသောလက်ဖျံများ၊သန့်စင်ရှည်သွယ်သောလက်ချောင်းများကို‌ တစ်ခဏတာငေးကြည့်နေမိသည်။ သူ့လက်ကောက်ဝတ်တွင်လည်း တန်ဖိုးကြီး limited edition နာရီတစ်လုံးကို ဝတ်ဆင်ထားသည်။ တကယ်တော့ barbecue ကင်နေခြင်းက သူ့ပုံစံနှင့် လိုက်ဖက်ခြင်းတော့မရှိပါ။ သို့သော် သူက သူ(မ)စားဖို့
အပင်ပန်းခံကာ လုပ်ကိုင်ပေးနေသည်။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now