Chapter 60

448 32 0
                                    

ရှုယွဲ့က ပခုံးတစ်ချက်တွန့်လိုက်ပြီး ‌နောက်ဆုတ်ကာ ချောင်ဟွေ့ကို နေရာဖယ်ပေးလိုက်၏။

ဒီဇိုင်းအမျိုးမျိုးနှင့် မင်္ဂလာဝတ်စုံ ဆယ်စုံခန့် ချောင်ဟွေ့ရှေ့တွင် တန်းစီနေသည့်မြင်ကွင်းက ခမ်းနားလွန်းလှ၏။သူ(မ)က မောင်းမများကို စိတ်ကြိုက်ရွေးချယ်နေသော ဧကရာဇ်ဘုရင်တစ်ပါးကဲ့သို့ သူ(မ)ရှေ့တွင်ရှိသောဝတ်စုံများကို စိတ်ကြိုက်ရွေးချယ်နေသည်။

ဝန်ထမ်းက ဖော်ရွေစွာပြုံး၍

"ငန်းနက်ကို စမ်းဝတ်ကြည့်ပါလား။"

ငန်းနက်ကတော့ ဝတ်စုံတွေထဲ အထင်ရှားဆုံးနှင့်အဖမ်းစားနိုင်ဆုံးဖြစ်သည်။ ကျန်းရှောင်ဟွမ်နှင့်ရှုယွဲ့တို့ဆိုလျှင် ‌ငန်းနက်ကို တွေ့တွေ့ချင်းသဘောကျသွားကြ၏။ချောင်ဟွေ့လည်း သူတို့လိုပင်။ ဘယ်သူကများ ငန်းနက်ရဲ့ မနှိုင်းယှဉ်နိုင်သောအလှကို သတိမထားမိပဲနေနိုင်မည်နည်း။

ဝန်ထမ်းကောင်လေး အတိုင်းအတာများကိုပြောစဉ်က သူ(မ)ကြားလိုက်၏။ ဒီဝတ်စုံက သူ(မ)ကိုယ်တိုင်းနှင့်ချုပ်ထားသလိုပင်။

ချောင်ဟွေ့စဉ်းစားနေစဉ်မှာပင် ဝန်ထမ်းက သူ(မ)ကို အဝတ်လဲခန်းထဲသို့ခေါ်သွားပြီး ငန်းနက်ကို ဝတ်ပေးလိုက်၏။ဆံပင်အလှပြင်သမားကလည်း အသင့်စောင့်ဆိုင်းနေပြီး ဆံပင်ပြင်ပေးသည်။ နာရီဝက်ကျော်ခန့် ကြာသွား၏။

သူ(မ)မျက်လုံဖွင့်ကြည့်လိုက်တော့ မှန်ထဲမှာမြင်နေရသော သူ(မ)ကိုယ် သူ(မ) မယုံနိုင်လောက်အောင်ဖြစ်သွားတော့သည်။

မိတ်ကပ်သမားကလည်း ကျွမ်းကျင်လှ၏။ချောင်ဟွေ့ဝတ်ထားသောမင်္ဂလာဝတ်စုံနှင့်လိုက်ဖက်အောင် မိတ်ကပ်ပြင်ပေးထားသည်။

မင်္ဂလာဝတ်စုံက tube top ဒီဇိုင်းဖြစ်သည်။ ထိပ်ပိုင်းတွင် အနက်ရောင် gauze နှင့် ကွပ်ထား၏။အသားပေါ်နေသောနေရာကလည်း မများပါ။ သိမ်မွေ့ပြီး အနုပညာဆန်သောပုံပေါက်စေ၏။

အထင်ရှားဆုံးဖြစ်နေသည်ကတော့ ချောင်ဟွေ့၏ ဖြူဖွေးသွယ်လျသော လက်မောင်းများပင်။ သူ(မ)၏ လက်မောင်းပေါ်တွင် အမွေးအမျှင်မရှိပါ။ အနက်ရောင်မင်္ဂလာဝတ်စုံက သူ(မ)၏အလှကို ပိုပြီးထင်ရှားစေ၏။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Dove le storie prendono vita. Scoprilo ora