Chapter 16

1.8K 161 0
                                    

"ကျွန်မ စင်ပေါ်မှာစိတ်နှစ်ပြီးကနေတဲ့အချိန်ကျရင် မစ္စတာရှုက ကျွန်မရဲ့ကကွက်တွေအောက်မှာ စိတ်ညှို့ခံလိုက်ရမှာလား။"

-ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

စုစုက အမှန်တကယ် သေချာပြင်ဆင်ထားပြီးဖြစ်သည်။ သူ(မ) ဒီပွဲအတွက်ပြင်ဆင်နေသည်မှာ ဝင်ခွင့်စာမေးပွဲတွင် ၃၆ မှတ်ရပြီးကတည်းကပင်။

ကင်မရာရှေ့တွင် သူ(မ)က အကောင်းဆုံး အလှဆုံး အနေအထားဖြစ်အောင်လည်းပြင်ဆင်ထားသည်။

စုစုတွင် အခု ယုံကြည်ချက်အပြည့်ရှိနေပြီ။ ကောလိပ်ကျောင်းမပြီးသေးသောကောင်မလေးတစ်ယောက်က သူ(မ)အတွက်‌တော့ ဘာမှမဟုတ်ပါ။ အမှတ်တွေပိုကောင်းပြီး စာတော်နေလျှင်တောင် အကမှာတော့ သူ(မ)နှင့်ယှဉ်၍ရမည်မဟုတ်ပါ။ ထွက်ပေါ်လာမည့် လက်ခုပ်သံများသည် သူ(မ)အတွက်သာဖြစ်လာမည်ဟု ယုံကြည်ချက်အပြည့်ရှိနေသည်။ ဟုတ်သည်။ သူ(မ)တစ်ယောက်တည်းအတွက်သာလျှင်ဖြစ်ရမည်။

ပြင်ဆင်ချိန် ၁၀ မိနစ်ပြီးနောက် စုစုသည် ဝတ်စုံသစ်နှင့် တောက်ပစွာပြုံးရင်း ကျောင်းခန်းမစင်ပေါ်သို့ တက်လာ၏။

[ ဘုရင်မက ဒီနေ့တကယ်လှနေတာပဲ ]

[ စုစုခါးလေးက သေးလိုက်တာ ]

[ စုစုရဲ့ fan ကောင်မလေးပါ၊ အကုန်လုံးကို မှတ်တမ်းတင်ပြီး တင်ပြဖို့ရောက်လာပါပြီ ]

[ တစ်ခါမှ စင်ပေါ်မှာမဖျော်ဖြေဖူးဘူး၊  ငါဘာလို့ ကြောက်နေရတာလဲ ]

စုစုက အပေါ် ပိုင်းတွင် အဖြူရောင်ခါးတိုလက်ရှည်အကဝတ်စုံနှင့် အောက်ပိုင်းတွင် အနက်ရောင်ဘောင်းဘီအပွကို ဝတ်ဆင်ထားသည်။ ဘောင်းဘိီတွင်လည်း သတ္တုရောင်လက်နေသောချိန်းများ ဆင်မြန်းထားသေး၏။ ဖိနပ်ကတော့ ရိုးရိုး sneaker ပင်ဖြစ်သည်။ ဝတ်စုံသည် ရိုးရှင်းပြီး လူငယ်ဆန်၏။ အားမာန်ပြည့်ဝသည်။

စုစု အခုကမည့် အကအမျိုးအစားက ယနေ့ခေတ်စားနေသော အမျိုးသမီးများ အုပ်စုလိုက်ကရသည့် အကမျိုးဖြစ်သည်။ ယနေ့ခေတ်တွင် ပရိသတ်အများစုက မော်ဒန် jazz အကမျိုးကို ရိုးရာအကထက် ပိုစိတ်ဝင်စားသည်။ စုစုရွေးချယ်လိုက်သော အမျိုးသမီးအဖွဲ့လိုက်အကသည် မှန်ကန်သော ရွေးချယ်မှုတစ်ခု ဖြစ်သည်။ ကျန်တာကတော့ ပရိသတ်များ၏ vote ကို စောင့်ကြည့်ရန်သာရှိသည်။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Donde viven las historias. Descúbrelo ahora