Chapter 31

803 59 0
                                    

"အထက်တန်းကျောင်းသားလေးမစ္စတာရှုက အရမ်းမိုက်တယ်။"

- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

ကျောင်းတွင် ည‌ပိုင်းကိုယ်ပိုင်စာကြည့်ချိန်က ညတိုင်းပုံမှန်ရှိသည်။ ဒီနေ့အတွက်တော့ အတန်းနှစ်တန်းလုံးအတွက် ညပိုင်းစာကြည့်ချိန်က အနည်းငယ်ထူးခြား၏။ 'ကျောင်းအတူသွားကြစို့' variety show ရိုက်ကူးမှု ပြီးဆုံးခါနီးပြီဖြစ်သည်။ ထို့ကြောင့် ဒီနေ့ ညပိုင်းကိုယ်ပိုင်စာကြည့်ချိန်တွင် ပရိုဂရမ်အဖွဲ့ပါ အထူးအစီအစဉ်အနေနှင့် ပါဝင်လာမည်ဖြစ်သည်။ သရုပ်ဆောင်များအတွက် Easter egg များပြင်ထားကာ ထို Easter egg များကို ညပိုင်းစာကြည့်ချိန်တွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ပထမ season တုန်းက ပရိုဂရမ်အဖွဲ့မှ Easter egg လို အလားတူပွဲမျိုး တစ်ခုမှမလုပ်ပေးခဲ့သဖြင့် ပရိသတ်ကစိတ်ဆိုးကြသောကြောင့်ဖြစ်သည်။

ညနေစာစားပြီး ချောင်ဟွေ့နှင့်လင်းမင်မင်တို့ ခန်းမထဲသို့ စောစောထွက်လာကြ၏။ ခဏကြာတော့ အတန်းနှစ်တန်းစလုံးမှ သရုပ်ဆောင်များနှင့်ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ 

ညနေခြောက်နာရီရောက်‌တော့ presenter လည်းရောက်လာ၏။ သူက အဖြူရောင်ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုအချက်ကိုကြည့်ခြင်းဖြင့် ဒီညပွဲကို ပရိုဂရမ်အဖွဲ့ မည်မျှအလေးထားသည်ကိုသိနိုင်၏။

" 'ကျောင်းအတူသွားကြစို့' ရဲ့ season 2 ပြီးဆုံးတဲ့အချိန် ရောက်လာပါပြီခင်ဗျာ။ ခင်ဗျားတို့အားလုံးနဲ့အတူ ဒီလို ပျော်ရွှင်စရာအချိန်တွေရရှိခဲ့တာ အရမ်းဝမ်းသာပါတယ်။"

ထိုစကားများကြားပြီးနောက် အတန်းဖော်များအာလုံး စိတ်မကောင်းဖြစ်သွားပုံရ၏။

"ဒီ variety show က ပြီးပြီလား။

"မပြီးစေချင်သေးဘူး။"

Presenter ကပြုံးလိုက်ပြီး " 'လောကမှာ ဘယ်တော့မှမပြီးဆုံးတဲ့စားပွဲသောက်ပွဲဆိုတာ မရှိပါဘူး'ဆိုတဲ့ စကားအတိုင်းပါပဲခင်ဗျာ။ တစ်နေ့ကျရင် အခြားနေရာတစ်ခုမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ပြန်ဆုံကြမှာပါ။"

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now