ရှုရီယန် ချောင်ဟွေ့ကိုဖုန်းခေါ်သော်လည်း ချောင်ဟွေ့က ဖုန်းမကိုင်ပါ။သူ အိမ်အနှံ့လျှောက်၍ ဖုန်းသံကို နားထောင်ကြည့်လိုက်၏။
ချောင်ဟွေ့က ဖုန်းပါ တစ်ပါတည်းယူသွားလောက်ပြီဖြစ်သည်။ ချောင်ဟွေ့က ဖုန်းခေါ်တာကို မကြားလို့မကိုင်တာလား၊ တမင်မကိုင်တာလားမသိပါ။ ဖုန်းခေါ်ချိန်ပြည့်၍ ဖုန်းခေါ်ဆိုမှုကို အလိုလိုရပ်လိုက်သော beep သံကိုကြားလိုက်ရ၏။
ရှုရီယန်က အပြင်ထွက်ရန် အဝတ်အစားအမြန်လဲလိုက်သည်။မျက်နှာပင်မသစ်တော့။ ကားသော့ကိုယူ၍ အပြင်သို့ ကတိုက်ကရိုက် ထွက်လာခဲ့လိုက်သည်။
အပြင်ဘက်ရောက်တော့ မနက်ခင်း၏လေညင်းများက သူ့ကို ဆီးကြိုနေ၏။ မိုးက ရပ်သွားပြီဖြစ်သည်။ လမ်းပေါ်တွင် မိုးရေများအိုင်ထွန်းနေ၏။ လေကလည်း ရေငွေ့တို့ဖြင့်စိုစွတ်နေသည်။
လူသူကင်းရှင်းနေသည့်အပြင်ဘက်ကိုကြည့်၍ ရှုရီယန် ချောင်ဟွေ့ကိုဘယ်နေရာမှာသွားရှာရမလဲဆိုတာ ဝေခွဲမရဖြစ်နေသည်။
အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ချောင်ဟွေ့သွားနိုင်လောက်သည့်နေရာတွေကို စဉ်းစားကြည့်လိုက်၏။ အဖြစ်နိုင်ဆုံးနေရာက ပေချန်းရုပ်ရှင်ကျောင်းဖြစ်သည်။
အဆောင်မှာ သူ(မ)၏မိန်းကလေးသူငယ်ချင်းများလည်းရှိသည်။ထို့ကြောင့် အဆောင်ကိုသွားကြည့်ရန် ဆုံးဖြတ်လိုက်၏။
ရှုရီယန်က ကားပါကင်ဆီချက်ချင်းသွားပြီး စက်နှိုးကာ အိမ်ရာထဲမှ မောင်းထွက်လာခဲ့သည်။
သူမောင်းထွက်လာပြီး မကြာခင်မှာပင် သူ့မျက်လုံးထောင့်၌ ရင်းနှီးနေသည့်ပုံရိပ်တစ်ခုကို ဖမ်းမိလိုက်၏။သူမမှားဘူးဆိုလျှင် ထိုပုံရိပ်က ချောင်ဟွေ့ဖြစ်ရမည်။ ရှုရီယန်က ဘရိတ်နင်းလိုက်ပြီး ထိုင်ခုံခါးပတ်ကိုဖြုတ်ကာ ကားထဲမှအမြန်ထွက်လိုက်၏။
ချောင်ဟွေ့ကတော့ ရှုရီယန်အတွက် စားစရာဝယ်ပြီး အေးဆေးလမ်းလျှောက်နေခဲ့သည်။
မြို့ပြ၏နွေဦးမနက်ခင်းက တဖြည်းဖြည်းပုံပေါ်လာလေပြီ။ ဈေးဆိုင်များလည်း စတင်ဖွင့်လှစ်နေပြီဖြစ်သည်။ မနက်စောစော လမ်းထလျှောက်သည့် လူကြီးများ၏ တစ်ဦးနှင့်တစ်ဦးနှုတ်ဆက်သံများကိုလည်း ရံဖန်ရံခါကြားနေရ၏။
ESTÁS LEYENDO
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...