Extra 6

184 17 0
                                    

ရှုရီယန်တို့သားအဖနှင့် ကျန်းခဲ့တို့သားအဖ စားသောက်နေကြစဉ် ဒါရိုက်တာဆီမှသတင်းကြားပြီး တခြားဧည့်သည်နှ it'sစ်ယောက်ပါ စားဖို့အလျင်အမြန်ရောက်လာကြ၏။

ယွမ်ရိနှင့်သူ့သားက ရောက်ရောက်ချင်းပင် ဟင်းနံ့များကို အားရပါးရရှူရှိုက်ရင်း တစ်ပြိုင်တည်းပြောလိုက်၏။
" မွှေးလိုက်တာ။"
   
လူတွေထပ်ရောက်လာတော့ ကျန်းခဲ့ မျက်လုံးပြူးသွား၏။ ကင်မရာတွေသာ အနားမှာမရှိလျှင် သူ့လက်ဖြင့် ဟင်းခွက်များကို ကာထားလိုက်မည်ဖြစ်သည်။

" ခင်ဗျားတို့ ဘာလာလုပ်ကြတာလဲ။"
  
စားပွဲပေါ်က ဟင်းခွက်လေးခွက်နှင့်စွတ်ပြုတ်တစ်ခွက်က ရှုရီယန်ချက်ထားတာတွေ ဖြစ်သည်။ သူက ထမင်းပဲချက်ရပြီး တခြားဘာမှသိပ်မလုပ်ရပါ။ထို့ကြောင့် ဟင်းတွေက သူတို့သားအဖအတွက်ပင်မလောက်ဟု ရှုရီယန်ကို သူမပြောရဲပါ။

အခု လူတွေထပ်ရောက်လာတော့ သူဒီည ဗိုက်ဝပါ့မလားပင်မသိတော့။
   
ယွမ်ရိက ကျန်းခဲ့၏ပခုံးကိုပုတ်ရင်း ပြောလိုက်၏။
" ကျွန်တော်တို့လည်း စားစရာမရှိလို့။ အဲ့ဒါနဲ့ ဒီမှာလာစားကြတာ။"

အားလုံး တကယ်ရောက်လာကြတာပဲ။

ကျန်းခဲ့၏သားက ဝင်ပြောလိုက်၏။

" တုန်းတုန်းတို့အိမ်က အဆင့်မြင့်အိမ်မဟုတ်ဘူးလား။ ကိုယ်ပိုင်မီးဖိုချောင်လည်းရှိတယ်လေ။ မီးဖိုချောင်သုံးပစ္စည်းတွေဆို အစုံပဲ။

ကျန်းခဲ့ကလည်း ထောက်ခံလိုက်၏။

" ဟုတ်တယ် ခင်ဗျားတို့မီးဖိုချောင်က အဆင့်မြင့်တယ်လေ။ ကို့ယ့်ဘာသာကိုယ် ချက်စားလို့ရတာပဲ။"
    
တုန်းကျန်က သက်ပြင်းချလိုက်ပြီး အားပျက်သောလေသံဖြင့်

" ကျွန်တော်တို့နှစ်ယောက်လုံး ဟင်းမချက်တတ်ကြဘူး။"

[အဲ့ဒါဆို ရှုရီယန်တစ်ယောက်ပဲ ဟင်းချက်တတ်တာပေါ့။ 】

[ဟုတ်တာပေါ့။ သူက အစားထိုးမရဖြစ်နေပြီ။ ]

ကျန်းခဲ့က အနည်းငယ်ချောင်းဟန့်လိုက်ပြီး

" သင်ကြပေါ့ဗျာ။ ရက်တွေအများကြီး ကျန်ပါသေးတယ်။"

ထမင်းစားချိန်တိုင်း သူများဆီမှာ သွားစားလို့မရပါ။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ