နောက်ရက် ၂၀ အတွင်း သူတို့ မော်ဒိုက်၊ ထိုင်း စသည်တို့ကိုသွားလည်ပြီး တရုတ်ပြည်ပြန်လာကြ၏။
ပျော်ရွှင်ဖွယ်အချိန်ကာလတို့သည် အလျင်အမြန်ကုန်ဆုံးရစမြဲပင်။ တစ်လကြာသော variety show လည်း မကြာခင် အဆုံးသတ်သွားတော့၏။
Variety show တစ်ခုဟုပြောသော်လည်း တကယ်တော့ သရုပ်ဆောင်များက အေးဆေးလည်ပတ်ရခြင်းဖြစ်သည်။ဒီ variety show က အလှုပ်မခတ်မရှိ။ လှုပ်ရှားမှုလည်းနည်း၏။များသောအားဖြင့် အေးသည်။ သရုပ်ဆောင်များကြားလည်း ဘာပြဿနာမှမပေါ်ခဲ့။ ထို့ကြောင့် ဒါရိုက်တာကိုယ်တိုင်ပင် ဒီ variety show က သာမန် rating သာရနိုင်မည်ဟုခန့်မှန်းထားသည်။ အစကတည်းကလည်း သူ သိပ်မျှော်လင့်ထားခဲ့သည်မဟုတ်ပါ။ သို့သော် variety show က သာမန်အောင်မြင်ခြင်းပင်မဟုတ်ဘဲ အလွန်ပေါက်သွားခဲ့၏။
နာမည်ကြီးသရုပ်ဆောင်များစွာကပင် နောက် season တွင်ပါဝင်ရန် စာရင်းပေးလာကြသည်။
ဒီ variety show ကအေးဆေး၏။ လွယ်ကူ၏။ ဖြစ်စဉ်များက နှေးကွေး၏။ ပါဝင်သောသရုပ်ဆောင်များအနေနှင့် ခရီးသွားနိုင်သည်။ ငွေရှာနိုင်သည်။ လူသိများလာနိုင်သည်။ ထို့ကြောင့် သရုပ်ဆောင်များအတွက်တော့ အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။
...
ထို variety show ပြီးတော့ ရှုရီယန်က ရက်အနည်းငယ်အနားယူပြီး ချောင်ဟွေ့ကို သူ့အမေအိမ်ခေါ်သွားခဲ့သည်။
ယောက္ခမကောင်းတစ်ယောက်ကိုပြပါဆိုလျှင် ရှုရီယန်၏အမေကိုပြသင့်၏။ နောက်ဆုံးတော့ သားဖြစ်သူက သူ(မ)အတွက် ချွေးမလေးခေါ်လာခဲ့ပြီဖြစ်၍ ထိုချွေးမလေးကို သူ(မ)အလွန်ဂရုစိုက်သည်။
ချောင်ဟွေ့ကတော့ သူ(မ)၏ယောက္ခမအိမ်ကိုသွားတိုင်း စိတ်မွန်းကျပ်မှုမရှိပါ။ သူ(မ)၏အမေအိမ်ကိုသွားရသလိုပင်ခံစားရ၏။
အမေရှုက သူ(မ)ယောင်္ကျားဆုံးပြီးကတည်းက တစ်ဦးတည်းနေခဲ့သည်။ နေ့စဉ် ဖဲကစားခြင်း၊ ပန်းပင်များစိုက်ပျိုးခြင်းဖြင့်အချိန်ကုန်၏။သူ(မ)၏နေ့စဉ်ဘဝက ပျော်စရာမကောင်းပေမဲ့ နွေးထွေးမှူရှိ၏။တစ်ခါတရံမှသာ အထီးကျန်သလိုခံစားရသည်။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...