Chapter 52

1.2K 86 0
                                    

"ခဏလောက်တော့ ခွဲနေကြရအောင်..."

- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

ချောင်ဟွေ့ အဆောင်ကပြန်သွားသည်အထိ ကျန့်ကျားကျားတစ်ယောက် သူ(မ)ဘာစကားမှားသွားမှန်း စဉ်းစား၍မရပါ။

သူ(မ) ဘာမှမှားမပြောခဲ့ပါ။

ရှုရီယန်တို့လိုက်ဖက်ကြောင်းပြောပြီးတော့ ချောင်ဟွေ့က ဘာလို့ စိတ်ကောက်သွားရတာပါလိမ့်။

နေ့လယ်စာအတွက်မှာထားသော caryfish ရောက်လာမှ ကျန့်ကျားကျားက သူ(မ)နဖူးသူ(မ)ရိုက်၍

"ချောင်ချောင်ဘာတွေဖြစ်နေတာလဲ။ နေ့လယ်စာတောင်မစားဘဲ အိမ်ပြန်သွားတယ်။ ဗိုက်မဆာဘူးလားမသိဘူး။"

ကျန့်ကျားကျားက ဖုန်းထုတ်၍ ချက်ချင်း message ပို့လိုက်၏။

[ အလှလေးချောင်ချောင် နင်နေ့လယ်စာတောင်မစားသွားဘူးနော်။ caryfish တွေကို ဘယ်လိုလုပ်မလဲ ]

နာရီဝက်လောက်အကြာမှ ချောင်ဟွေ့ဆီက message ပြန်ဝင်လာ၏။

[ ရတယ်။ နင်ပဲစားလိုက်တော့၊ နင်မကုန်ရင်လည်း ဘေးခန်းကကျောင်းသူတွေနဲ့ တူတူသွားစားပေါ့ ]

ချောင်ဟွေ့က caryfish အတွက် ပိုက်ဆံလွှဲပေးရန်တော့မမေ့ပါ။ သူတို့နှစ်ယောက်က အမေရိကန်စစ်စတန်ကို ကျင့်သုံးကြသည်။မိန်းကလေးသူငယ်ချင်းတိုင်းတွင် အချင်းချင်း သဘောတူထားသောစနစ်များရှိကြသည်။ သူတို့နှစ်ယောက်ကတော့ ကိုယ်မှာကိုယ်ရှင်းစနစ်ဖြစ်သည်။ အဲ့ဒီအတွက် သူတို့၏ဆက်ဆံရေးကိုလည်း လုံးဝမထိခိုက်ပါ။

ကျန့်ကျားကျားက ချက်ချင်း စာပြန်လိုက်၏။

[ အဲ့ဒါဆိုရင်တော့ crayfish  တွေအကုန် ငါပဲစားပြီ ]

Crayfish ကဈေးကြီး၏။ သူ(မ)က နှစ်ယောက်စာမှာထားတာဖြစ်သော်လည်း ပမာဏကမများပါ။ ထို့ကြောင့် သူ(မ)ဘာသာပဲ စားလိုက်တော့သည်။

ကျန်သည့်အရန်ဟင်းများကိုတော့ ညနေမှ ‌ပြန်နွှေးပြီးစားဖို့ ဖယ်ထားလိုက်၏။

ကျန့်ကျားကျားက ခဏတွေးပြီး ချောင်ဟွေ့ဆီ  wechat message ပို့လိုက်၏။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Où les histoires vivent. Découvrez maintenant