Chapter 53

275 29 0
                                    

"အနမ်းတွေက ရင်ခုန်စရာကောင်းလိုက်တာ။"

- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

ရ‌ကောက သည်းထန်စွာရွာသွန်းနေသောမိုးကို ကားပြတင်းပေါက်မှ‌တစ်ဆင့် ကြည့်လိုက်၏။

"ရီယန်ရေ ငါတို့ထီးမယူလာမိဘူး။"

ထို့နောက် မိုးရေများကားထဲမဝင်လာစေရန် ပြတင်းပေါက်ကိုပိတ်လိုက်၏။ သူတို့ အလောတကြီးထွက်မိသည့်အတွက် လူတွေပဲပါလာပြီး ဘာမှမယူလာဖြစ်ပေ။ အစက ရှုရီယန်၏အစီအစဉ်သည် သူ့သာသာသူ ပေချန်းကိုကားမောင်းသွားမည် သို့မဟုတ် ကြုံရာတစ်ယောက်ယောက်ကို အဖော်ခေါ်သွားမည်ဟူ၍။

ရှုရီယန် ဒီနေ့ည စိတ်ကြည်နေပုံမရပါ။ ထို့ကြောင့် ရ‌ကောက ရှုရီယန်ကို တစ်ယောက်တည်းကားပေးမမောင်းရဲ။ ထို့ကြောင့် ဒရိုင်ဘာတစ်ယောက်ကိုခေါ်၍ ရိုက်ကွင်းမှ သုံးယောက်သား ပြန်ခဲ့ကြသည်။ နောက်ဆုံးနှုတ်ဆက်စားပွဲကိုပင်မတက်ရလောက်အောင် ရှုရီယန်ဘာတွေ အရေးကြီးနေလဲ သူမသိ။

ကံကောင်းသည်က ရှုရီယန်၏လက်ရှိအနေအထားက သူမတက်ချင်လျှင်လည်း မတက်လို့ရနေ၍ပင်။

ကားမှန်ပေါ်သို့ မိုးပေါက်များ ဆက်တိုက်ကျလာ၏။ ကားဝိုက်ဘာနှစ်ခုကလည်း တစ်လှည့်စီ အလုပ်လုပ်နေသည်။ ကားဒရိုင်ဘာက ရှေ့တည့်တည့်ကိုစူးစိုက်ကြည့်ရင်း ကားမောင်းနေ၏။

ကားထဲ၌ ရကော၏စကားသံနှင့် ဝိုက်ဘာသံမှလွဲ၍ တခြားအသံများကိုမကြားရပေ။

ရှုရီယန်က နောက်ခန်း‌တွင်ထိုင်နေ၏။ စိတ်ကိုအနားပေးရန် မျက်လုံးများကိုမှိတ်ထားသည်။

ရကောက ထီးမပါဘဲကားထဲကထွက်လျှင် အကုန်စိုကုန်မှာပဲလို့ ပြောချင်နေပေမဲ့ ရှုရီယန်၏မျက်နှာထားကိုကြည့်ပြီး ဆက်မပြောတော့ပေ။

သူတို့ အလုပ်အတူတူတွဲလုပ်လာကြတာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။

ထိုနှစ်ကာလများအတွင်း အနုပညာလောက၌ ရှုရီယန်တစ်ဆင့်ချင်းတက်လှမ်းသွားပုံကို သူတွေ့ခဲ့ရသည်။ ရှုရီယန်သည် မိန်းကလေးများအသည်းစွဲ ကျောက်စိမ်းတုံးတစ်တုံးကဲ့သို့ပင်ဖြစ်သည်။ သူ့မျက်နှာက အမြဲပြုံးရွှင်နေတတ်၏။ သူ့ကိုစော်ကားလျှင်တောင် အပြုံးမပျက်ပေ။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin