ရေနွေးကျလာတာမြင်တော့ ရှောင်ညိုက အံ့ဩဝမ်းသာဟန်ဆောင်ပြီး အော်လိုက်၏။
" အိုး ရေနွေးပိုက်ပြင်လိုက်တာက မြန်လိုက်တာ။"
" ရပါတယ် အသေးအဖွဲပါ။"
" အစ်ကိုက အရမ်းတော်တာပဲ။"
ချီးမြှောက်တာကိုမကြိုက်သောယောက်ျားဟူ၍မရှိ။ အနည်းဆုံးတော့ ဒီလိုချီးကျူးမှုမျိုးကို ယွမ်ရိသဘောကျ၏။ရေနွေးပိုက်ကိစ္စကတော့ အဆင်ပြေသွားလေပြီ။ သူတို့နှစ်ဦးက ရေချိုးခန်းထဲတွင် နှစ်ယောက်တည်းရှိနေကြခြင်းဖြစ်သည်။လူမြင်ကွယ်ရာ နေရာပင်။ရေချိုးခန်းကလည်း အပူချိန်တိုးလာ၏။
ထိုအချိန်အထိတော့ သူဒုက္ခရောက်တော့မည်မှန်း ယွမ်ရိ မသိသေးပါ။-
ချောင်ဟွေ့တို့အမျိုးသမီးများအားလုံးက ကားတစ်စီးတည်း စီးလာကြခြင်းဖြစ်၏။ သူ(မ)ရောက်ပြီး မကြာခင်မှာပင် ရန်ယိ၏မိန်းမလင်းလူလည်း အိမ်ရောက်လာသည်။
သို့သော် သူ(မ)အိမ်ရောက်တော့ အိပ်ပျော်နေသောသားငယ်ကိုသာတွေ့ပြီး ယောက်ျားဖြစ်သူကို မတွေ့ပေ။ တစ်အိမ်လုံးရှာကြည့်သော်လည်း ယွမ်ရိ၏အရိပ်ယောင်ကိုပင် မတွေ့ရပါ။
ဒီလောက်နောက်ကျနေတာကို သူဘယ်တွေသွားနေလဲမသိဘူး။
လင်းလူက သူ(မ)သားဖြစ်သူကို အိပ်ယာမှနှိုးလိုက်၏။ ချုံးချုံးနိုးလာတော့ လင်းလူကိုတွေ့ပြီး အံ့အားသင့်သွားသည်။" မာမီ။"
လင်းလူက မေးလိုက်၏။
" သားအဖေရော ဘယ်မှာလဲ။ ဘယ်သွားနေတာလဲ။"
ချုံးချုံးက အိပ်ပျော်နေခြင်းဖြစ်သည်။ သူ့အဖေယွမ်ရိ ဘယ်အချိန် အိမ်ကထွက်သွားမှန်း သူမသိပါ။
သူ(မ)သားကလည်း မသိဘူးတဲ့။အပြင်မှာ အရမ်းမှောင်နေပြီဖြစ်၏။ယွမ်ရိတစ်ယောက် အရက်မူးပြီး မြစ်ထဲများ ပြုတ်ကျသွားပြီလားဟု လင်းလူ တွေးမိတွေးရာ တွေးလိုက်မိသည်။
ထိုကိစ္စမျိုး ယွမ်ရိထံတွင်မဖြစ်ဖူးသော်လည်း အလားတူကိစ္စမျိုးတွေကို သတင်းမှာ တွေ့နေကျပင်မဟုတ်ပါလား။
ရန်ယိ တစ်နေရာရာမှာ မူးလဲပြီးဒဏ်ရာရနေမလားဟုတွေးမိပြီး လင်းလူဆောက်တည်ရာမရဖြစ်သွား၏။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...