တချို့တွေကပျော်နေကြပြီး တချို့ကတော့ မပျော်ကြပါ။
ချောင်ဟွေ့တို့မိသားစုက ပျော်ရွှင်နေကြပြီး တစ်အိမ်လုံးတွင် ရယ်သံများလွှမ်းနေတော့၏။
တုန်းမိသားစုကတော့ သူတို့ ရှုမိသားစုကိုအပြစ်လုပ်မိသွားတာကြောင့် ခဏတော့ စိတ်အဆင်မပြေဖြစ်နေကြသည်။
ဒါရိုက်တာလုပ်သူကတော့ ခေါင်းပြောင်ပေတော့မည်။အစက သရုပ်ဆောင်အဖွဲ့လေးဖွဲ့ရှိ၏။ အခု တစ်ဖွဲ့လျော့သွားချေပြီ။အခုလည်း ကျန်တဲ့အဖွဲ့နှစ်ဖွဲ့ကြား အချင်းများကြပြန်၏။ကောင်းရော ကောင်းကြသေးရဲ့လား။
ကံကောင်းတာက ဒီ variety show က ပြီးတော့မည်ပင်။variety show ပြီးခါနီးမှ အမေများကိုခေါ်လိုက်ခြင်းဖြစ်၏။ နောက်နှစ်ရက်ကြာလျှင် ဒီ variety show လည်း အောင်မြင်စွာပြီးဆုံးတော့မည်။
ပြဿနာများသောနေ့ကတော့ ပြီးသွားခဲ့လေပြီ။ အခုတော့ ညဘက်ရောက်လာပြီ ဖြစ်၏။
ဒီနေ့က" ငါ့အဖေက စူပါမန်း" သရုပ်ဆောင်များ ဒီရွာလေးမှာနေရသော နောက်ဆုံးည ဖြစ်၏။မနက်ဖြန်ကတော့ ဒီ variety show အပြီးသတ်သောနေ့ပင်။
Variety show နောက်ဆုံးည၏ရည်ရွယ်ချက်မှာ သရုပ်ဆောင်များအားလုံးကို ပြီးခဲ့သောရက်များကိုအမှတ်ရစေရန်နှင့် အနာဂတ်ကိုတွေးတောနိုင်စေရန်ဖြစ်၏။သို့သော် နဂိုကစီစဉ်ထားသောအစီအစဉ်ကို အကောင်အထည်ဖော်ရန်မဖြစ်နိုင်တော့ပါ။ သရုပ်ဆောင်အဖွဲ့တစ်ဖွဲ့က မနေ့ညကထွက်သွားပြီဖြစ်သည့်အပြင် ဒီနေ့လည်း ပြဿနာထပ်ဖြစ်ကြ၏။ ထို့ကြောင့် ဒါရိုက်တာအဖွဲ့က ပေးရမည့်တာဝန်ကို ပြောင်းလဲစဉ်းစားရတော့သည်။
ထို့ကြောင့် ဒီညအတွက် လုပ်စရာတစ်ခုသာကျန်တော့၏။ " role play " လုပ်ရန်ဖြစ်သည်။
ဒါရိုက်တာက အတတ်နိုင်ဆုံး သူ့စိတ်များကို တည်ငြိမ်အောင်ထားလိုက်၏။ထို့နောက် အသံကို အေးအေးဆေးဆေးဖြစ်အောင်ထိန်း၍ လော်စပီကာဖြင့်အော်ပြောလိုက်သည်။
" Role play လုပ်ရမှာ ဒီကလူတွေအားလုံးအတွက် မခက်လောက်ပါဘူး။"ကျန်းခဲ့က ပြုံး၍ထောက်ခံလိုက်သည်။
" မခက်ပါဘူး။"
ဒါရိုက်တာကလည်း သူ့မျှော်လင့်ချက်ကို ထုတ်ပြောလိုက်၏။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...