Chapter 67

318 18 0
                                    

ရှုရီယန်ကိုင်ထားသောလက်က ဖြူဖွေးနူးညံ့၏။ လက်ကိုယ်တိုင်ကပင် အလွန်လှနေပြီဖြစ်သည်။ သို့သော် အလှဆုံးကတော့ လက်ပိုင်ရှင်ဖြစ်သည်။

ရွှေနားတောင်း၏အရောင်က သူ(မ)မျက်လုံးပေါ် ထင်ဟပ်နေ၏။

သူ(မ)၏နှုတ်ခမ်းထောင့်များက တဖြည်းဖြည်းကွေးတက်သွားကာ ပြုံးလိုက်ပြီး ကင်မရာဘက်သို့ လက်ဝှေ့ယမ်းပြလာသည်။

【! 】

[ဂျိုဂျိုက ငါ့ကိုပြုံးပြနေတယ်။ 】

[အိုးအိုး ဒီညဘယ်လိုအိပ်ရမလဲ။】

[သူ(မ)အပြုံးကြောင့် ငါသေသွားပြီ။ 】

အသံများက ဆူညံလွန်းတာကြောင့် သူ့နားစည်များပင် တုန်သွားသည်ဟု
ထန်မော် ခံစားနေရ၏။ သူက ရှုရီယန်နား'နားကပ်၍
" မင်းမိန်းမက မင်းထက်တောင် နာမည်ကြီးနေပြီ။"

ထိုစကားကြောင့် ရှုရီယန်က ပြုံးယောင်သန်းသွားကာ

" ကောင်းတာပေါ့။"

သူ(မ)၏သစ္စာအရှိဆုံးပရိသတ်က သူပင်ဖြစ်လိမ့်မည်။

သူ(မ)အတွက် ဂုဏ်ယူ၏။

သူ(မ)ကိုသဘောကျ၏။

Presenter က ပြုံး၍ပြောလိုက်သည်။

" ကျွန်တော်တို့ဆီကို ဖြည်းဖြည်းချင်းလာနေပါပြီခင်ဗျ... အားလုံးသိကြတဲ့အတိုင်းပါပဲ။ ခင်ဗျားတို့စောင့်နေတဲ့ " ပျောက်ဆုံးခြင်း" ရဲ့ ရုပ်ရှင်အဖွဲ့သားတွေပါ။ " ပျောက်ဆုံးခြင်း" ရုပ်ရှင်က ဆန်ခါတင်စာရင်းဝင်နေတဲ့ဆုတွေက အများကြီးပါပဲ။ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံးမင်းသမီးဆု.. ဒီည ဆုအများဆုံးရမှာ " ပျောက်ဆုံးခြင်း" များဖြစ်နေမလား မသိပါဘူး။"

နေရာတွင်ထိုင်ရတော့မှ ချောင်ဟွေ့ သက်ပြင်းရှည်တစ်ချက် ချနိုင်တော့၏။

ဝတ်စုံရှည်ကြီးဝတ်၍ ဒေါက်ဖိနပ်စီးပြီးလမ်းလျှောက်ရတာ အလွန်ပင်အဆင်မပြေပါ။

ရှုရီယန်က ရေသန့်တစ်ဗူးကိုဖွင့်ပြီး
" သောက်လိုက်။"

ချောင်ဟွေ့လည်း ရေနှစ်ငုံခန့် သောက်လိုက်၏။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Où les histoires vivent. Découvrez maintenant