"ရှင့်အတွက် ကတာ။"
- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ
တကယ်တော့ ဒီစကားမျိုးကြားရသည်က ချောင်ဟွေ့အတွက် ပထမဆုံးအကြိမ်တော့မဟုတ်ပါ။ သူ(မ)၏ အထက်တန်းကျောင်းကအချစ်ဦး နောက်ပြီးတော့ ရှရန် သူတို့နှစ်ဦးလုံး သူ(မ)ကိုလိုက်စဉ်က ချစ်တယ်ဟု ဖွင့်ပြောခဲ့ကြသည်။
သို့သော် သူတို့ပြောသည့် 'ငါ နင့်ကို သဘောကျတယ်' သည်က ယောက်ျားလေးနှင့် မိန်းကလေးကြား ချစ်ရေးဆိုရာတွင်သုံးလေ့ရှိသော စကားလုံးတစ်ခုပင်ဖြစ်သည်။ ဘာမှထူးခြားသည့် စကားမဟုတ်ပါ။
ဒီတစ်ကြိမ်တော့ သူ(မ) ပထမဆုံးအနေနှင့် ကန်တုံလိုချစ်ရေးဆိုခံလိုက်ရခြင်းဖြစ်သည်။ သူ(မ) yes လို့ ပြောသင့်လား ချစ်စကားတွေပြန်ပြောသင့်လား မသိတော့ပါ။
'သဘောကျတယ်' ဟူသော စကားလုံးသည် ဘယ်လိုပြောပြော အနက်အဓိပ္ပာယ်မပြောင်းသော်လည်း ရှုရီယန်ပြောသောအခါတွင်မူ မတူတော့ပါ။
ချောင်ဟွေ့၏နားများ အနည်းငယ်ပူလောင်လာသည်။ ကံကောင်းသည်က live လွှင့်နေသည့်ကင်မရာက သူတို့နှင့်ဝေးနေ၍ပင်။ မီးရောင်များလည်း ပြေးနေသဖြင့် မထင်ရှားပေ။
သူ(မ)က လက်တစ်ဖက်ကို နားနားတွင်ခါ၍ ယပ်ခတ်လိုက်၏။
ထန်မော်က သူတို့နှစ်ယောက်ကိုတစ်ချက်ကြည့်ရင်း ရွဲ့ပြောလိုက်သည်။ "ပျင်းဖို့ကောင်းလိုက်တာ။" သူတို့ ဘာတွေကို တီးတိုးပြောနေကြလဲတော့ ထန်မော်မသိပါ။
နောက်ဆုံးအကြိမ် ထန်မော် ရှုရီယန်ကို 'ငအ'ဟုခေါ်တုန်းက ရှုရီယန်က 'မင်းနားမလည်ပါဘူး'ဟု တုံ့ပြန်ခဲ့သည်။ ဒီတစ်ကြိမ် ထန်မော်က ပျင်းဖို့ကောင်းလိုက်တာဟုလှောင်ပြောင်တော့ ရှုရီယန်က ပြန်ပြောရမှာတောင် ပျင်းနေပုံရသည်။ ရှုရီယန်၏မျက်လုံးထဲတွင် ထန်မော်သည် စကားကိုတဲ့တိုးပြောတတ်သည့် အချစ်ရေးကိစ္စကိုမခံစားတတ်သော ယောကျ်ားစစ်စစ်တစ်ယောက်ဟု မြင်သည်။ သူတို့နှစ်ယောက်ရဲ့ကမ္ဘာတွေက မတူခြားနားသည်။ အဲ့ဒီတော့ ဘာလို့မလိုအပ်ဘဲစကားအများကြီးပြောနေတော့မှာလဲ။
![](https://img.wattpad.com/cover/357437569-288-k81783.jpg)
BẠN ĐANG ĐỌC
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Lãng mạnချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...