"လက်မထပ်ခင်နဲ့ လက်ထပ်ပြီး ကွာခြားချက်က တော်တော်သိသာလွန်းတယ်။ အကြီးမားဆုံး ကွာခြားချက်ကတော့ လူတစ်ယောက်က အိပ်ရာတစ်ခုလုံးကို သူတစ်ယောက်တည်း အပိုင်သိမ်းပြီးအိပ်လို့မရတော့တာပဲ။"
-ဂျိုဂျို၏ အိမ်ထောင်ရေး ဒိုင်ယာရီ
ပြတင်းပေါက်တွင်တပ်ဆင်ထားသောခန်းစီးတို့ကြားမှ မနက်ခင်းနေရောင်ခြည် ထိုးဖောက်ဝင်ရောက်လာပြီး မှောင်နေသော အိပ်ခန်းထဲသို့ အလင်းဝင်လာသည်။ အိပ်ခန်းအလယ်တွင် ဥရောပစတိုင် kingsize အိပ်ရာ တစ်ခုရှိ၏။ အနီရောင် အိပ်ရာခင်းပေါ်တွင် ဖြူဖွေး သွယ်လျသည့် ခြေထောက်ရှည်လေးများ လဲလျောင်းနေသည်။ အနီနှင့်အဖြူ အရောင်နှစ်ရောင်တို့ ထင်ရှားနေပြီး အခန်းတွင်း လှပမှုကို ဖော်ဆောင်နေသည်။
ဖေဖော်ဝါရီလ၏ နံနက်စောစော နေရောင်ခြည်သည် နွေးထွေးသော်လည်း အနည်းငယ် မျက်စိစူးစေ၏။ ချောင်ဟွေ့ အိပ်ချင်မူးတူးနှင့် တစ်ဖက်လှည့်လိုက်ပြီး သူ(မ)၏ ဘေးမှ အေးစက်နေသည့် အိပ်ရာကို ထိကြည့်လိုက်သည်။ အိပ်ရာခင်းသည် အေးစက် ချောမွတ်နေကာ လူတစ်ယောက်၏ အပူငွေ့တို့ ရှိမနေ။ အိပ်ရာပေါ်တွင် သူ(မ) တစ်ယောက်တည်းသာ ရှိနေသည်။
ချောင်ဟွေ့ အနည်းငယ် တွေဝေနေပြီးနောက် သူ(မ)နှင့် လက်ထပ်ထားသည်မှာ တစ်ပတ်ရှိပြီ ဖြစ်သည့် သူ(မ)၏ ခင်ပွန်းဖြစ်သူ နာမည်ကြီး သရုပ်ဆောင် ရှုရီယန်ကို သတိရသွားသည်။ သူ(မ)၏ ခင်ပွန်းသည် အရုဏ်မတက်ခင်ကတည်းက ကြော်ညာရိုက်ရန် ရိုက်ကွင်းသို့ သွားလေပြီ။ နာမည်ကြီး မင်းသားတစ်ယောက် ဖြစ်သည့် ရှုရီယန်၏ လုပ်ငန်း schedule များမှာ အလွန် ပြည့်ကျပ်လှသည်။ သူ(မ)နှင့် လက်ထပ်ပြီးနောက် တချို့သော အလုပ်ကိစ္စများကို အချိန်ညှိခဲ့သည်၊ တချို့ကိစ္စများကို ဖျက်ပစ်ခဲ့သည်။
ချောင်ဟွေ့ နဖူးကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ သူ(မ)နဖူးပေါ်တွင် ခင်ပွန်းပေးခဲ့သော နံနက်ခင်း အနမ်း၏ အနွေးဓာတ်လေး ကျန်နေသေး၏။ ထို့နောက် အိပ်ရာတစ်ခုလုံးကို သူ(မ) တစ်ယောက်တည်း စိတ်တိုင်းကျ လူးလှိမ့်နေပြီးမှ အိပ်ရာမှထကာ သူ(မ)၏ ဆံပင်ရှည်များကို ဖြီးလိုက်ပြီး ခေါင်းလျှော်ရန် ရေချိုးခန်းသို့ ဝင်သွားလေသည်။
![](https://img.wattpad.com/cover/357437569-288-k81783.jpg)
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...