ချောင်ဟွေ့ အမှန်တကယ်ပင် ကြောင်သွား၏။ သူ(မ)အသက်က ဒီနှစ်ဆို ၂၇ နှစ်ရှိနေလေပြီ။
ပြီးတော့ ဒါက လူကြီးတစ်ယောက် ပြောရမဲ့စကားလား။ရှုရီယန်ကိုယ်တိုင်ကလည်း အသက် ၃၀ ကျော်နေပြီဖြစ်၏။သူက အခု ၆ နှစ်အရွယ်ကလေးလေးကို စိတ်ဆိုးချင်နေသည်။သဘောထားသေးသိမ်ရာ မကျဘူးလား။ဒီအရွယ်ကလေးတွေက တက်ကြွစွာဆော့ကစားတတ်ကြသည့်အရွယ်ဖြစ်သည်။ ပြီးတော့ ဘာမှထိခိုက်သွားတာလည်းမဟုတ်ပါ။
ရှုရီယန်က သူ့မိန်းမရဲ့အထင်ကို ဂရုမစိုက်။ သူ့မျက်နှာပေါ်တွင် နှင်းလွှာတစ်ခုကပ်ထားသည့်အလား အေးစက်စွာပြောလိုက်၏။" ငါ့မိန်းမခြေထောက် ခေါက်သွားပြီ။ သူ(မ)ကို တောင်းပန်လိုက်။"
တုန်းတုန်းက သူ(မ)အမေနောက်ကို ဝင်ပုန်းသွား၏။ သူ(မ)လက်များက သူ(မ)မိခင်၏အင်္ကျီစများကိုဆုပ်ထားရင်း အလွန်ကြောက်လန့်နေသည်။
ဘာတွေဖြစ်နေလဲ သူ(မ)နားမလည်ပါ။
ဒန်းပေါ်က ချောင်ဟွေ့၏ခြေထောက်ကို ဆွဲခဲ့မိရုံလေးပင် မဟုတ်ပါလား။ချောင်ဟွေ့လည်း ဘာမှမဖြစ်သွားပါ။
သူ(မ)က ဒန်းပေါ်အမြန်တက်စီးချင်ရုံသာဖြစ်သည်။အခုတော့ သူ(မ)က အပြစ်ကြီးတစ်ခုလုပ်မိခဲ့သလိုဖြစ်နေ၏။တုန်းကျန်၏မျက်နှာကလည်း ဖြူလျော်သွားသည်။ ဒီ variety show မှာပါဝင်နေတုန်း အခုလို ရှုပ်ရှုပ်ထွေးထွေးအခြေအနေမျိုးကြုံလာလိမ့်မည်ဟု သူမထင်ထားခဲ့ပါ။
တစ်ဖက်ကလူက တစ်ချိန်က နာမည်ကြီးရှုရီယန်ဖြစ်သည်။အခုလည်း နာမည်မကျသေးပါ။ သူ့ဒေါသတစ်ခုတည်းအတွက် ရှုရီယန်နှင့် ရန်မဖြစ်လိုပါ။
သူ့သမီးလေးက နည်းနည်းဆိုးတယ်ဆိုလျှင်တောင် သူ(မ)မှာ ချောင်ဟွေ့ကို ထိခိုက်စေလိုစိတ်မရှိပါ။ မတော်တဆ ဖြစ်သွားခြင်းသာဖြစ်၏။ သို့သော် ရှုရီယန်က စိတ်ဆိုးသွားပြီး ကလေးကိုပြန်တောင်းပန်ခိုင်းနေသည်။ ထို့ကြောင့် ဖခင်တစ်ယောက်အနေနှင့် သူဝင်ပါရတော့မည်ပင်။" ကလေးက ငယ်လွန်းတော့ မသိနားမလည်ပါဘူးဗျာ။ အဲ့ဒါကြောင့် အရမ်းစိတ်မဆိုး....."
VOUS LISEZ
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Roman d'amourချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...