သို့သော်...
ရှုရီယန်ကတော့ အေးတိအေးစက်အမူအရာဖြင့်
"အင်း။"
ဟုတ်ပါသည်။သူ(မ)အဖြစ်က အဟုတ်ပင် ရှက်စရာကောင်း၏။
ဝေဝေတစ်ယောက် ဘယ်လိုပင်၀တ်စားဆင်ယင်ထားပါစေ သံနှင့်ထုထားသကဲ့သို့ အေးစက်မာကျောနေသောရှုရီယန်ကို စကားဆက်ပြောချင်လာအောင် မလုပ်နိုင်ခဲ့ပါ။
ရှုရီယန်က ယဉ်ကျေးပြီး လူကြီးလူကောင်းဆန်သူဟု သိထားကြသည်မဟုတ်လား။ ဘာလို့ဒီလိုတုံ့ပြန်ရတာလဲ။
"ကျွန်မ..."နောက်ဆုံး သူ(မ)ကိုတုံ့ပြန်လိုက်သည်က တံခါးပိတ်လိုက်သောအသံပင်။
ဝေဝေ : .......
ရှုရီယန် အိပ်ရာကိုပြန်လာတော့ ရှုဟောင်က တံခါးပိတ်လိုက်သံကြောင့် နိုးလာ၏။
ထို့ကြောင့် ရှုဟောင်က မေးလိုက်သည်။" ဘယ်သူလဲ ဒယ်ဒီ။"
ရှုရီယန်က သူ့သား၏ နှုးညံ့သောဆံပင်တို့ကိုပွတ်သတ်လိုက်ရင်း အရေးမကြီးသလို လေသံဖြင့် ပြန်ဖြေလိုက်၏။
" ဘာမှအရေးမကြီးတဲ့လူပါ။ အိပ်တော့။"
ရှုဟောင်က နှုတ်ခမ်းစူလိုက်ရင်း" မာမီလာရင် ကောင်းမှာပဲ။"
သူစကားပြောပြီး ခဏအကြာတွင်တော့ ဟောက်သံများနှင့်အတူ အိပ်မောကျသွားတော့၏။
ခေါင်းအုံးပေါ်ခေါင်းချလိုက်ချင်း အိပ်ပျော်သွားခြင်းဖြစ်၏။ရှုရီယန်၏မျက်ဝန်းတွင် အပြုံးရိပ်များသန်းသွားသည်။သူ့သားအိပ်နေတာ ပုံစံကျမကျတစ်ချက်ကြည့်ပြီး သူလည်း မျက်လုံးမှိတ်၍အိပ်လိုက်တော့၏။
**
နေ့ခင်းပိုင်းတွင် သူတို့သရုပ်ဆောင်သားအဖလေးဖွဲ့ လူပြန်စုမိကြ၏။
ကျန်းခဲ့က ရှုရီယန်ကို သူ့တံတောင်ဖြင့်ထိလိုက်ရင်း
" နေ့ခင်းတုန်းက အင်တာနက်ဆယ်လီ ခင်ဗျားဆီ လာတွေ့တယ်မလား။"
သူ့အိမ်နှင့်ကျန်းခဲ့အိမ်က သိပ်မဝေးပါ။ ထို့ကြောင့် သူမြင်သွားသည်က မထူးဆန်း။ကျန်းခဲ့က နည်းနည်းထပ်ပြီးစပ်စုလိုက်၏။
" သူ(မ)ဘာလာလုပ်တာလဲ။"
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...