"စာလေးပို့လိုက်ပါ။"
- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ
နှစ်ပွဲလောက်ဆော့ပြီးနောက် ချောင်ဟွေ့ ဆက်မဆော့ချင်တော့ပါ။ ပင်ပန်းလွန်း၏။ နောက်ပြီးတော့ သူ(မ)က ရန်သူကိုမတွေ့တာလည်းပါသည်။ သူ(မ)သေသွားတိုင်း ဘယ်သူက သူ(မ)ကိုသတ်သွားမှန်းပင် မသိလိုက်။ရှုရီယန်နောက်မှလိုက်ကစားနေသော်လည်း သူ(မ)က ဒီဂိမ်းကစားဖို့မသင့်တော်ဘူးလို့ ခံစားလာရသည်။ ထို့ကြောင့် ကျောင်းကျောင်းကိုပြောလိုက်ပြီး ဆက်မဆော့ဖြစ်တော့ပေ။
ဂိမ်းနှစ်ပွဲဆော့တာ အချိန်တစ်နာရီခွဲခန့်ကြာသွားသည့်အတွက် ညဆယ်နာရီခွဲပြီဖြစ်သည်။
ချောင်ဟွေ့က မျက်လုံးများကိုပွတ်လိုက်ရင်း ရှုရီယန်ကိုလှမ်းပြောလိုက်၏။ "အိပ်ချင်နေပြီ။အိပ်တော့မယ်။"
"အင်း။ အဲ့ဒါဆို ကိုယ့်ကိုဘယ်လိုခေါ်မလဲ။"
ချောင်ဟွေ့က တစ်ဖက်မှကျောင်းကျောင်းကို တစ်ချက်ကြည့်လိုက်၏။ ကျောင်းကျောင်းကတော့ သူ့မောင်လေးနှင့် chat နေတုန်းဖြစ်သည်။ သူ(မ) အသံတိုးတိုးနှင့်ပြောလိုက်၏။ "မစ္စတာရှု။"
ရှုရီယန်က ဟက်ကနဲရယ်လိုက်ပြီး "မစ္စရှု ခုနက ကိုယ့်ကို ဒီလိုခေါ်တာမဟုတ်ပါဘူး။"
ခုနက။ ခုနကတင် သူ့ကို မစ္စတာရှုလို့ ခေါ်ပြီးပြီမဟုတ်လား။
ပြန်တွေးကြည့်တော့မှ ခုနက တစ်ချိန်လုံး ရှုရီယန်ကို ထိုသို့မခေါ်ခဲ့။ ရှုရီယန်ကို ကျောင်းကျောင်းတို့နှင့်မိတ်ဆက်ပေးတုန်းက 'မောင်လေး'လို့ခေါ်တာကို သတိရသွားသည်။
သူက အခု 'မောင်လေး'လို့ ခေါ်စေချင်နေတာလား။
ချောင်ဟွေ့က မျက်လုံးများကိုဝင့်ပြီးပြုံးကာ ရက်ရက်ရောရော ခေါ်ပေးလိုက်သည်။ "မောင်လေး။"
"ပြီးကျရင် ဒီစာကို print ထုတ်ထားဦးမှပဲ။"
ထိုအခါ ချောင်ဟွေ့တစ်ယောက် စိတ်ပေါက်ပေါက်နှင့် တမင်ခေါ်လိုက်၏။ "အစ်ကိုကြီး။"
ရှုရီယန်က နှုတ်ခမ်းများကိုကွေး၍ ပြုံးလိုက်ရင်း "မှားတယ်။"
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...