Chapter 15 (Z)

343 7 0
                                    

"မစ္စရှုသည် ဘယ်တော့မှ လွယ်လွယ်နဲ့ အရှုံးမပေးတတ်။''

-ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

ထိုအချိန်တွင် ပေချန်းရုပ်ရှင်ကျောင်းဂရုထဲတွင်လည်း ဆွေးနွေးမှုများ ပြင်းထန်နေသည်။

[ pk အကပြိုင်ပွဲ ]

[ ချောင်ဟွေ့ရဲ့အတန်းဖော်တွေ ပြောကြပါဦး၊ အကသင်တန်းမှာရော သူဘယ်လိုနေလဲ]

ပေချန်းရုပ်ရှင်ကျောင်း၏သရုပ်ဆောင်ကျောင်းသားများသည် အကတန်းယူလေ့ရှိကြသည်။ လောလောဆယ်တော့ လိုင်းပေါ်မှ ပရိသတ်များက စာတော်တဲ့ကျောင်းသားတစ်ယောက်ကို မကတတ်မှာစိတ်ပူနေကြ၏။

ချောင်ဟွေ့က ကတတ်ပါသည်။ သူ(မ)၏အကပညာက စုစုရဲ့ level လောက်ရှိ မရှိသာ မသေချာခြင်းဖြစ်သည်။ ဒီဂရုထဲမှာလည်း ချောင်ဟွေ့ နှင့် ရင်းနှီးသူရှိပုံမပေါ်ပါ။

[ ဒီတိုက်ပွဲက ပရိုဂရမ်အဖွဲ့တွေ ကြိုစီစဉ်ထားကြတာလား ]

[ မဟုတ်လောက်ဘူး၊ ပြောသွားတယ်မလား စုစုက စပြီး တင်ပြလာတာဆိုပြီး၊ စကားမစပ် viewer တွေကတော့ တကယ်ကို မတရားတက်လာတာနော် ]

[ ချောင်ဟွေ့ကံကောင်းတာလား၊ သူ လက်ခံတာပဲဖြစ်ဖြစ် ငြင်းတာပဲဖြစ်ဖြစ် ဒီအကြောင်းကို ဆက်​ပြောနေကြတော့မှာ၊  ပွဲတော့ဆက်ဖြစ်နေမှာပဲ ]

ဂရုထဲမှ အတန်းဖော်ကျောင်းသားတစ်ယောက်တွင် ကွဲပြားသောအမြင်ရှိနေသည်။

[ ငါ့အထင်တော့ ဒီတစ်ခေါက်က ချောင်ဟွေ့အတွက် သိပ်မချောင်ဘူး၊ ပထမတစ်ချက်က စုစုက အကမှာ အရမ်းကောင်းတယ်၊ သူ့ fan တွေဆို ကောင်းကောင်းသိတယ်။ ဒုတိယအချက် စုစုက ပြင်ဆင်ထားပြီးသား ]

စုစုကတော့ မပြင်မဆင်ဘဲ လာမည်မဟုတ်ပါ။ စာပေးပွဲတုန်းက ပြင်ဆင်ခွင့်မရခဲ့လို့သာ ၃၆ မှတ်ရခဲ့သည်ကို သူ(မ)၏ပြိုင်ဘက် fan များက လိုင်းပေါ်မှာ အကြာကြီး လှောင်ပြောင်နေခဲ့ကြသည်မဟုတ်ပါလား။ သူ(မ)၏ fan များသာ အားမကောင်းခဲ့ပါက ထိုကိစ္စလည်း hot search ထဲတွင် ပါသွားခဲ့လိမ့်မည်။သူ(မ) variety show စာမေးပွဲမှာ ၃၆ မှတ်သာရခဲ့သည့်ကိစ္စကို weibo မှာတင်ကြမည်မှာ အသေအချာပင်။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Où les histoires vivent. Découvrez maintenant