Extra 3

1.1K 84 0
                                    

" ငါ့အဖေက စူပါမန်း" season 3 ပရိုဂရမ်အဖွဲ့မှ သရုပ်ဆောင်များအား တောရွာဘဝကို တစ်ပတ်ကြာအပန်းဖြေခံစားစေမည်ဖြစ်သည်။

သွားရမည့်နေရာရောက်ပြီးလျှင် သရုပ်ဆောင်များက မိသားစုကိုဖုန်းခေါ်၍ စကားပြောနိုင်၏။ အန္တရာယ်ကင်းကင်းရောက်ရှိကြောင်း ပြောကြားနိုင်၏။  ဖုန်းမခေါ်ချင်လျှင်လည်းရသည်။။ ထိုသို့ဖုန်းခေါ်ပြီးလျှင်တော့ ဖုန်းများ၊ မုန့်များကို သိမ်းဆည်းထားမည်ဖြစ်၏။
    
တောရွာဘဝဆိုသည်မှာ သဘာဝတရားနှင့်စိမ်းလန်းမှုတို့ကို ကိုယ်စားပြုသည်။ တိုးတက်ကြွယ်ဝသော မြို့ပြဘဝနှင့်တော့ ဆန့်ကျင်ဘက်ပင်။

လူနေမှုအဆင့်အတန်းအားဖြင့်နှိုင်းယှဉ်မည်ဆိုပါက  ကောင်းသည်ဟုပြောလို့မရပါ။
  
ထိုရွာကလေး၏စီးပွားရေးတိုးတက်မှုကလည်း အလွန်နောက်ကျနေ၏။ ကတ္တရာလမ်းခင်းရန်ပင် ရန်ပုံငွေမရှိပါ။ လမ်းတွေက ချိုင့်တွေ ဗွက်တွေနှင့်ပြည့်နေသည်။

မိုးရွာထားသည်မှာ မကြာသေးသဖြင့် ရွံ့များပို၍ထူထပ်လာ၏။ ‌ခြေလှမ်းတိုင်းက ရေညှိတောထဲလျှောက်နေရသလို ရွံ့ထဲနစ်ဝင်နေ၀င်။

ထို့ကြောင့်ပင် ပရိုဂရမ်အဖွဲ့က ဒီနေရာကို လာဖို့ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

တိုးတက်မှု နောက်ကျနေသော ဆင်းရဲမွေတေမှုရှိနေသာနေရာများကို ကူညီပေးရန်လိုအပ်သည်မဟုတ်ပါလား။

ရှုရီယန်က ရွံ့ဝါထဲတွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ချောင်ဟွေ့ကို video call ခေါ်လိုက်၏။

သူ မတ်တတ်ရပ်၍ခေါ်လိုက်ပါက ရှုဟောင်ပါ ကင်မရာထဲမပေါ်မည်စိုး၍ ဆောင့်ကြောင့်ထိုင်ကာ ဖုန်းခေါ်ရခြင်းဖြစ်သည်။

သူ ဒီလိုမထိုင်‌၍မရပါ။

ရှုဟောင်ကလည်း ခြေဆောင့်၍ သူ့မာမီနှင့်ပြောချင်ကြောင်း ဂျီကျနေပြီဖြစ်သည်။

ဖုန်းက connect မဖြစ်သေးခင်အချိန်မှာပင် ရှုဟောင်က ကင်မရာရှေ့လာပြီး ရှုရီယန်ကိုယ်ပေါ်ကို နောက်မှတွယ်တက်နေပြီဖြစ်သည်။

သူ့မျက်နှာပဲ ကင်မရာမှာအပြည့်ပေါ်နေပါက မာမီက ဒယ်ဒီ့ကိုမမြင်နိုင်တော့။ သူ့ကိုသာမြင်နိုင်တော့မည်။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ