" အသက် (၃၀) မစ္စတာရှု..."
-ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ
ချောင်ဟွေ့ နှိပ်ပေးနေလိုက်၏။ သို့သော် ချောင်ဟွေ့၏ဘဝတွင် မည်သူ့ကိုမှ မနှိပ်ပေးဖူးပါ။ ထို့ကြောင့် မနှိပ်တတ်ပေ။ သူ(မ) ကတတ်၏။ ဂီတတူရိယာတချို့လည်း တီးတတ်၏။ ထို့ပြင် သူ(မ)၏ လက်များက ဖြူဖွေးနူးညံ့၏။ သူ(မ)သည် အားအသုံးပြုရသောအလုပ်များကို လုံးဝလုပ်နေကျမဟုတ်ပါ။
သို့သော် သူ(မ)က ရှုရီယန်ကို အလျော်ပြန်ပေးသည့်အနေနှင့် နှိပ်ပေးချင်၏။ ထို့ကြောင့် သူ့လက်မောင်းများကို ဆုပ်နယ်ပေးသည်။ သူ့ကျောပြင်ကို ထုထောင်းပေးသည်။ သူ(မ) TV အစီအစဉ်များထဲမှာတွေ့ဖူးသော မျက်မမြင်အနှိပ်သည်များလည်း ထိုသို့ပင် လုပ်ကြသည် မဟုတ်ပါလား။ ထူးခြားမှုတစ်ခုက ထို TV အစီအစဉ်များက မျက်မမြင်အနှိပ်ဟု ကြေညာထားကြသော်လည်း နှိပ်ပေးနေကြသူများမှာ မျက်မမြင်များမဟုတ်ကြပါ။
'မျက်မမြင်အနှိပ်သည်' ဟု နာမည်တပ်ထားပြီး အဘယ်ကြောင့် အနှိပ်သည်များက မျက်မမြင်အစစ်များ မဟုတ်ကြသလဲဆိုတာကိုတော့ ဘယ်တုန်းကမှနားမလည်ခဲ့ပါ။
အတွေးများနေသည့်အတွက် နှိပ်ပေးနေသော သူ(မ)လက်အားမှာ ပျော့သည်ထက်ပျော့လာတော့သည်။ ဟိုထိဒီထိလုပ်နေသည့် အဆင့်လောက်ပင်ရှိတော့၏။ နှိပ်နေတာ မဟုတ်တော့။ မျက်မမြင် အနှိပ်သည်အကြောင်း စဉ်းစားမိတော့မှ သူ(မ) တစ်နာရီလောက် ဆက်နှိပ်ပေးနေရမည့်အဖြစ်ကို တွေးမိသွားသည်။
ချောင်ဟွေ့ ရှုရီယန်၏နောက်ကျောကို ဆုပ်နယ်ပေးနေစဉ် လက်ကို တစ်ချက်ဆိတ်တာခံလိုက်ရ၏။
သူ(မ)မျက်တောင်ခတ်လိုက်ပြီး သတိပြန်ဝင်လာသည်။ ထို့နောက် "ဘာဖြစ်လို့လဲ။ နာသွားလို့လား။"
သူ(မ) ရှုရီယန်၏လက်မောင်းကိုင်လိုက်ရင်း အမြန် တောင်းပန်လိုက်၏။ "တောင်းပန်ပါတယ်။ သတိလွတ်သွားလို့ပါ။ အခုသေချာ နှိပ်ပေးပါ့မယ်။"
ကတိအတိုင်းပင် သူ(မ)က အားထည့်၍ ကြိုးစားနှိပ်နယ်ပေးလိုက်၏။
ရှုရီယန်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"သတ်နေသလိုပဲနော်။"
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...