"သူက အရမ်းသိမ်မွေ့လွန်းတယ်။"
- ဂျိုဂျို၏ အိမ်ထောင်ရေးဒိုင်ယာရီ
အတန်ကြာမှ ချောင်ဟွေ့သိလိုက်ရတာက အဲ့ဒီနေ့က ရှုရီယန်တစ်ယောက် ပိုင်ချန် ရုပ်ရှင်ကျောင်းကိုလာသည်မှာ သူ့သူငယ်ချင်းကို လာရှာခြင်းဖြစ်ကြောင်းကိုပင်။
ထိုနှစ်မှ သူတို့ကျောင်းဆင်းအများစုက အနုပညာလောကထဲဝင်ရောက်ခဲ့ကြသည်။ ပြီးခဲ့သည့် ၇ နှစ် ၈ နှစ်အတွင်း သူတို့အများစုက အနုပညာလောကတွင် အောင်မြင်မှုအသီးသီးရခဲ့ကြပြီး ကျော်ကြားလာခဲ့ကြသည်။
ရှုရီယန်ကတော့ ပြောစရာပင်မလို။
သူ့အပြင် နာမည်ကျော်ဒါရိုက်တာ ထန်မော်၊ အလှဧကရီ ယန်ယန်တို့လည်း သူနှင့်တစ်နှစ်တည်း ကျောင်းဆင်းများဖြစ်သည်။ အခြားလူနည်းစုသာ အခြားနယ်ပယ်တွင် အလုပ်လုပ်ဖြစ်ကြသည်။ ထိုအထဲတွင် တစ်ယောက်စ၊ နှစ်ယောက်စကသာ ကျောင်းမှာ ကျန်ခဲ့ပြီး စာပြန်သင်ဖြစ်ကြသည်။
ရှုရီယန်နှင့် ညီအစ်ကိုလိုခင်မင်သော အဆောင်တွင် တစ်ခန်းတည်းနေသည့်သူက ကျောင်းရဲ့ သရုပ်ဆောင်ဌာနတွင် သရုပ်ပြဆရာအဖြစ် လုပ်ကိုင်နေသည်။
ထိုနေ့က ချောင်ဟွေ့သည် ရှုရီယန် အိမ်ထောင်ပြုမည့်ကိစ္စကိုကြားခဲ့ခြင်းမှာ တစ်စုံတစ်ခုက တိုက်ဆိုင်အောင်စီမံထားသကဲ့သို့ထင်ရသည်။
နောက်ပိုင်း ချောင်ဟွေ့ သူ(မ)နည်းနည်းလွန်သည်ဟုပင်ခံစားမိသည်။
အိမ်ထောင်ရေးကိစ္စဆိုသည်မှာ သူတစ်ပါး၏ ပုဂ္ဂိုလ်ရေးကိစ္စသာဖြစ်ပြီး သူငယ်ချင်းများနှင့်သာ ဆွေးနွေးတိုင်ပင်သင့်သည်။ သူ(မ)နှင့် ရှုရီယန်က သူစိမ်းတွေပင်။ သူ အိမ်ထောင်ရေးကိစ္စ တိုက်တွန်းခံနေရကြောင်း ထုတ်ပြောမိသွားတာ နည်းနည်းတော့ မှားသည်ပင်။
တော်သေးတာက ရှုရီယန်တစ်ယောက် စိတ်ကွက်သွားပုံမရ။ သူက ပြုံးပင် ပြုံးလိုက်သေးသည်။ သူ၏ ငွေရောင်မျက်မှန်ကိုင်းနောက်ကွယ်မှ မျက်လုံများပင် ကွေးညွတ် ကြည့်ကောင်းနေသေးသည်။ သူက ဟာသနှောသံဖြင့် " ဟုတ်တယ် စိတ်ကုန်စရာပါကွာ။"
YOU ARE READING
ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)
Romanceချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။ လက်ထပ်ပြီးနောက်ဘဝသည် ရိုးရှင်း၍ ပျင်းစဖွယ်ကောင်းလွန်းသည်။ မစ္စတာရှုသည် သူ(မ)ကို နေ့တိုင်း မနက်တစ်ခ...