Chapter 34

652 50 1
                                    

"မစ္စတာရှုက အရမ်း sweet လွန်းတယ်။"

-ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

ထို့နောက် ချောင်ဟွေ့ အခန်းထဲမှထွက်ပြီး တစ်ဖက်အခန်းတံခါးကို ခေါက်လိုက်၏။ လင်းမင်မင်ကို မနက်စာစားရန် သွားခေါ်ခြင်းဖြစ်သည်။ ခဏနေတော့ တံခါးပွင့်လာသည်။

လင်းမင်မင်ရော သူ(မ)အခန်းဖော်သုံးဦးစလုံးပါ နိုးနေပြီဖြစ်ပြီး မျက်နှာသစ်၊ သွားတိုက်ပြီးကြလေပြီ။ ချောင်ဟွေ့ကိုတွေ့တော့ တံခါးလာဖွင့်သည့်ကောင်မလေးက အနည်းငယ် အံ့အားသင့်သွား၏။

လင်းမင်မင်က မိတ်ကပ်လိမ်းခြယ်ပြီး၍ လက်များကို hand cream လူးနေတုန်းဖြစ်သည်။ ထို့နောက် လင်းမင်မင်က ကောင်မလေးကိုလှမ်းမေးလိုက်၏။
"ဘာဖြစ်လို့လဲ သမီး။"

လင်းမင်မင်၏အခန်းဖော်ကောင်မလေးက ပြန်ဖြေလာသည်။
" အစ်မချောင်ဟွေ့က သမီးထက်တောင် အထက်တန်းကျောင်းသူနဲ့ တူသေးတယ်။" လင်းမင်မင်လည်း ချက်ချင်းလှည့်ကြည့်လိုက်ပြီး မရယ်ဘဲမနေနိုင်တော့ပေ။

သူတို့နှစ်ဦးက မနက်စာစားသောက်ပြီး‌နောက် ကျောင်းရှေ့မြက်ခင်းပြင်ပေါ်သို့ ရောက်လာကြ၏။ ပရိုဂရမ်အဖွဲ့က သူတို့ကို မည်သည့်တာဝန်မှမပေးထားပါ။ ထို့ကြောင့် သူတို့ဘာသာ မြက်ခင်းပြင်လက်ဖက်ရည်ပွဲလေးတစ်ခု ကျင်းပရန်စီစဉ်ထား၏။ သူတို့အားလုံး မြက်ခင်းပေါ်တွင်ထိုင်ပြီး မနက်နေရောင်ခြည်၏ နွေးထွေးမှုအောက်တွင် စားသောက်ကာ စကားစမြည်ပြောကြမည်ဖြစ်သည်။

ခဏနေတော့ ရှုရီယန်နှင့်ထန်မော်လည်း ရောက်လာ၏။ ထို့နောက် စုစုနှင့်တင်းကျူပါ ရောက်လာသည်။

ချောင်ဟွေ့ဝတ်ဆင်ထားပုံ‌ကိုတွေ့တော့ စုစုရဲ့မျက်ဝန်းထဲတွင် မနာလိုသည့်အငွေ့အသက်များ ယှက်သန်းသွား၏။ကိုယ့်အသက်အရွယ်ကိုဂရုမစိုက်သော အမျိုးသမီးဆယ်လီဟူ၍ မရှိပါ။ အထူးသဖြင့် စုစုကဲ့သို့ အသိုင်းအဝိုင်းထဲတွင် အလေးထားဆက်ဆံခံနေရသည့်မင်းသမီးမျိုးက ပို၍ သတိထားတတ်သည်။ စုစုက သာမန်လူထက်ပို၍ အသက်အရွယ်၊အလှအပကို အလေးထားပါသည်။ အခု သူ(မ)ရရှိနေသော‌အခြေအနေမျိုးကို တစ်နေ့မှာ ဆုံးရှုံးသွားရမည်အား ပိုပြီးကြောက်၏။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Où les histoires vivent. Découvrez maintenant