Chapter 22

892 69 0
                                    

" ဘာ! ကင်မရာတွေကိုရှောင်ရမယ်?"

- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

ပရိုဂရမ်အဖွဲ့က bus ကားနှစ်စီး စီစဉ်ထား၏။ အတန်းတစ်တန်းအတွက် တစ်စီးဖြစ်သည်။

ချောင်ဟွေ့က အတန်းဖော်ကောင်မလေးနှင့်အတူထိုင်ပြီး ရှုရီယန်က ထန်မော်နှင့်ထိုင်၏။

သစ်တောတွေရှိသောနေရာနှင့် အမှတ်(၁)ပေချန်း အလယ်တန်းကျောင်းနေရာက အတော်လှမ်း၏။ နာရီဝက်ခန့် ကားမောင်းရသည်။

ကားထွက်ပြီးမကြာခင်မှာပင် ကျောင်းသားများက ပျော်ရွှင်စွာဖြင့် သီချင်းပြိုင်တူဆိုကြ၏။ ကားထဲတွင် ဆယ်ကျော်သက်လူငယ်တို့၏ ပျော်ရွှင်မှုများ၊ လတ်ဆတ်မှုများနှင့် ဖုံးလွှမ်းလျက်ရှိနေတော့သည်။

[လူငယ်ဘဝက အရမ်းကောင်းတယ် ]

[ ဒီ variety show ကြည့်ပြီး အပူအပင်ကင်းခဲ့တဲ့ လူငယ်လေးဘဝကို ပြန်ရောက်သွားရသလိုပဲ ]

[ မနေနိုင်တော့ဘူး၊ သူတို့နဲ့လိုက်ဆိုမိပြီ ]

[ လတ်ဆတ်လွန်းတဲ့အရွယ်‌ပေါ့ ]

တစ်နာရီခွဲခန့်ကြာတော့ bus ကားက သစ်တောဝန်း၏ဂိတ်ရှေ့တွင် ရပ်လိုက်၏။ ထို့နောက် ကျောင်းသားများက အစီအစဉ်တကျဖြင့် bus ကားပေါ်မှ တစ်ယောက်ချင်းဆင်းကြသည်။

အကုန်လုံးစုမိပြီးနောက် ဒါရိုက်တာက မိုက်ကရိုဖုန်းကိုယူ၍ ပြောလိုက်၏။

"မင်းတို့စိုက်လိုက်တဲ့ သစ်ပင်တွေက နောင် နှစ်နှစ် သုံးနှစ်ဆိုရင် ကြီးလာမှာ။ အဲ့ဒီအချိန်ကျရင် မင်းတို့ကိုယ်တိုင် ဒီကိုလာပြီး ကိုယ်စိုက်ခဲ့တဲ့အပင်ကအသီးတွေကို စားလို့ရပြီ။ တွေးကြည့်လိုက်ရင် ဘယ်လောက် အဓိပ္ပာယ်ရှိတဲ့ကိစ္စလဲဗျာ။"

ဒါရိုက်တာပြောပြီးနောက် တာဝန်ရှိသူတစ်ဦးက ဆက်လက်၍ သစ်ပင်စိုက်ခြင်းနှင့် ပတ်သက်သောဗဟုသုတများကိုရှင်းပြ၏။

အများစု စိတ်အဝင်စားဆုံးကိစ္စကတော့ ကိုယ်စိုက်သောအပင်မှ အသီးများကို ကိုယ်တိုင်စားနိုင်ခြင်းဖြစ်သည်။

တာဝန်ရှိသူက အလွန်စိတ်ရှည်၏။ "မင်းတို့ တစ်ပတ်တစ်ခါလောက် စပျစ်ပင်နဲ့ လိမ္မော်ပင်တွေကို ဂရုစိုက်ပေးနိုင်ရင် နှစ်နှစ်အတွင်း အသိီးတွေသီးမယ်ဗျာ။ သစ်တော်သီး၊ စွန်ပလွံသီး၊ ချယ်ရီသီးတွေဆို သုံးနှစ်အတွင်း အသီးသီးပါတယ်။''

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now