Chapter 58

237 25 0
                                    

ပထမဆုံး ခရီးမှရောက်သည့်နေ့ဖြစ်၍ အားလုံးခရီးပန်းနေကြပြီဖြစ်သည်။ ပရိုဂရမ်အဖွဲ့မှ သရုပ်‌ဆောင်များအတွက် ညစာကို သေချာပြင်ဆင်ပေးထား၏။ သို့သော် နောက်နေ့မှစ၍ သူတို့ ဒီလိုမျိုး  ပြင်ဆင်ပေးတော့မည်မဟုတ်ပါ။  သရုပ်ဆောင်များ ကိုယ့်အစီအစဉ်နှင့်ကိုယ် စားသောက်ရမည်ဖြစ်သည်။

သရုပ်ဆောင် ဆယ်ယောက်စလုံး သစ်သားစားပွဲရှည်ကြီးတွင် ဝိုင်းဖွဲ့၍ ညစာစားကြ၏။

အကုန်လုံးက စားသောက်နေရင်း စကားစမြည်ပြောကြသည်။ ဟိုဟိုသည်သည် အကြောင်းအရာများ ပြောကြပြီးနောက် စကားဝိုင်းက အနည်းငယ်ငြိမ်သက်သွား၏။

လင်းမင်မင်က ဘေးနားမှာထိုင်နေသော သူ(မ)သမီးအတွက် ပုဇွန်ခွံခွာပေးနေရင်း

" ပရိုဂရမ်အဖွဲ့က ဒီတစ်ခါ သေချာစီစဉ်ပေးထားတာပဲ။ သစ်သားအိမ်ဖြစ်ပေမဲ့ ပတ်ဝန်းကျင်ကတော့ အရမ်းသာယာတယ်။ ရေချိုးရတာလည်း အဆင်ပြေတယ်။"

တချို့ variety show များတွင် ရေချိုးခန်းက ဘုံသုံးဖြစ်သည်။

ရှုယွဲ့က ထောက်ခံလိုက်၏။

" ဟုတ်တယ်။ ပရိုဂရမ်အဖွဲ့က တကယ်ဂရုစိုက်တယ်။ ကျွန်မက အရုပ်တွေပါယူလာပြီး အိပ်ရာပေါ်ထားအိပ်တာလေ။ အခု ကျွန်မတို့အိပ်ရာပေါ်က ခေါင်းအုံးက ကျွန်မနဲ့ဘိုကဲရဲ့ မင်္ဂလာဆောင် ဆယ်နှစ်ပြည့်အမှတ်တရပုံတွေ နှိပ်ထားတာ။"

ရှုယွဲ့နှင့်ချန်ဘိုဘိုတို့၏ ဆယ်နှစ်ပြည့် anniversary က ဒီလထဲဖြစ်နေ၏။

မျက်စိတစ်မှိတ်အတွင်းတွင် ၁၀ နှစ်ကျော်ကာလ ကုန်ဆုံးသွားခြင်းဖြစ်သည်။

ချောင်ဟွေ့ : ...

ချောင်ဟွေ့နည်းနည်း သံသယဝင်သွား၏။ သူတို့အိပ်ခန်းထဲက အိပ်ရာကျတော့ ဘာလို့အရမ်းသေးနေရတာလဲ။ သို့သော် သူ(မ) ထိုအကြောင်းကို ထုတ်မပြောပါ။သူတို့အိမ်တွေရဲ့အပြင်အဆင်ကို သူ(မ)မေးချင်သည်။ သို့သော် သူတို့ အိပ်ရာဘယ်လောက်ကြီးလဲဆိုတာတော့ မေးရန်တွန့်နေ၏။

ညစာစားပြီးလျှင် ကိုယ်သွားချင်သည့်နေရာကို သွားလို့ရ၏။ကျွန်းထဲလျှောက်ကြည့်လျှင် လျှောက်ကြည့် သို့မဟုတ် သစ်သားအိမ်သို့ တန်းပြန်၍ အနားယူနိုင်သည်။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Dove le storie prendono vita. Scoprilo ora