Chapter 49

301 37 0
                                    

"နည်းနည်းစိတ်ကောက်နေတယ်။ မစ္စတာရှုကိုယ်တိုင် လာချော့မှရမယ်"

- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

မကြာခင်မှာပင် လုထင်း၏လှုပ်ရှားမှုများက ချောင်ဟွေ့နားထဲသို့ ပေါက်ကြားလာတော့၏။ မ‌မျှော်လင့်မိသည်မှာ ထိုကိစ္စကို ရှုရီယန်ဆီမှစကြားရခြင်းမဟုတ်ဘဲ ထန်မော်ဆီမှကြားရခြင်းဖြစ်နေသည်ကိုပင်။

ထန်‌မော်က လုထင်း‌အကြောင်းအတိုချုပ်ပြောပြီးနောက် သူ(မ)ကိုမေး၏။

"သူက ချောင်ဟွေ့ နဲ့ ညီအစ်မလို့ပြောတယ်။"

ထိုသို့မေးလိုက်တော့ သူ(မ) ရုတ်တရက် ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။

တစ်ခါတလေတော့ လုထင်းက ဉာဏ်ကောင်းပုံရသော်လည်း ဒီတစ်ခါတော့ သူ(မ)က တော်တော်လေးရုပ်ပေါက်သွားပြီဖြစ်သည်။ ဒါမှမဟုတ် သူ(မ) စိတ်လောနေတာကြောင့်လည်းဖြစ်နိုင်၏။ သို့မဟုတ် သွေးတိုးစမ်းချင်သည့်သဘောလည်းဖြစ်နိုင်သည်။

သူ(မ)က ပထမဆုံးအနေနှင့် ရှုရီယန်ဆီသွား၏။ ဟိုကလက်မခံတော့ ‌‌ချောင်ဟွေ့နှင့်ညီအစ်မပါဟုပြောလာသည်။

သူတို့ကညီအစ်မလို့ပြောလိုက်ခြင်းက ဘာမှအသုံးဝင်မှုမရှိဟု ချောင်ဟွေ့ယူဆ၏။ ခြုံပြောရလျှင် လုထင်းသည် တရားမဝင်ဇနီးမယားမှမွေးဖွားလာသော တရားမဝင်သမီးတစ်ဦးသာဖြစ်သည်။ ချောင်ဟွေ့နှင့် ညီအစ်မပါဟုပြောလိုက်လျှင် သူ(မ)က ရှုရီယန်နှင့်တွေ့ခွင့်ရလိမ့်မည်ဟု ထင်မှတ်နေလားမသိပါ။တကယ့်တကယ်က ပိုတောင်ဆိုးသွားဦးမည်ဖြစ်သည်။

ချောင်‌ဟွေ့ကတော့ ဘာမှဖုံးကွယ်‌နေစရာမရှိဟုယူဆ၏။ထို့ကြောင့် "သူက ကျွန်မအဖေရဲ့ တရားမဝင်သမီးပါ။"

ထိုအဖြစ်အပျက်များက လုထင်းအား တစ်စုံတစ်ခုကို နားလည်သွားစေ၏။ သူ(မ)ထံတွင် အားကိုးစရာကောင်ကောင်းမရှိပါက သူ(မ)၏အနာဂတ်လမ်း‌ကြောင်း လွယ်ကူချောမွေ့မည်မဟုတ်ဟု နားလည်သွားခဲ့သည်။

သို့သော် အခုလိုဆက်ဆံခံရတာ လုထင်းနှင့်တန်သည်ဟုယူဆ၏။ ချောင်ဟွေ့က ထိုကိစ္စကို လုထင်း ဒီလောက်လုပ်ချင်နေလိမ့်မည်ဟု မထင်ထားခဲ့။

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now