Chapter 10

2.2K 182 0
                                    

"ကမ္ဘာပေါ်မှာအကောင်းဆုံးက မစ္စတာရှုပဲ။"

-ဂျိုဂျို၏ အိမ်ထောင်ရေး ဒိုင်ယာရီ

စာမေးပွဲအချိန်စေ့ကြောင်းခေါင်းလောင်းမြည်တော့ ချောင်ဟွေ့က ဘောပင်ကို ချလိုက်ပြီး လက်ကောက်ဝတ်ကို အညောင်းပြေပွတ်သပ်လိုက်သည်။ ဝန်ထမ်းများက အဖြေလွှာများကို လျင်မြန်စွာ လိုက်လံသိမ်းဆည်းလိုက်သည်။ တင်းကျူ၏အလှည့်ရောက်တော့ ဝန်ထမ်းကပြုံးပြီး

"အဖိုးကြီးတင်း .. အဖိုးကြီးတင်း ထပါတော့။ စာမေးပွဲပြီးပြီ။”

ချောင်ဟွေ့အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်တော့ သူ(မ)နှင့်မနီးမဝေးခုံတွင် တင်းကျူတစ်ယောက် ဘယ်သူခြုံပေးထားမှန်းမသိသောကုတ်တစ်ထည်ကိုခြုံလျက် နှစ်ခြိုက်စွာအိပ်မောကျနေသည်ကို တွေ့လိုက်ရသည်။ ၀န်ထမ်းကနှိုးလိုက်တော့ တင်းကျူကညည်းတွားရင်း ခေါင်းမော့လာသည်။ထို့နောက် မျက်လုံးများကိုပွတ်သပ်ရင်းမေးလိုက်၏။

" ဟမ်။ အချိန်ပြည့်သွားပြီလား။ နေ့လည်စာ သွားစားလို့ရပြိီလား။"

live room ထဲတွင် comment များ  ဆက်တိုက်တက်လာသည်။

[ ဟားဟား တင်းကျူလုပ်တာ ရယ်ရလို့သေတော့မယ်၊ ငယ်ငယ်က ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်နေရသလိုပဲ]

[ သေချာတယ်၊ ဒီ show က ဇာတ်ညွှန်းမပါဘူး၊ အကုန်လုံးက အကျင့်အမှန်တွေကိုပြနေကြတာ၊ အကုန်သဘာ၀ကျကျပဲ]

[ ဟားဟား၊ ငါကျောင်းတက်တုန်းကနဲ့ အတူတူပဲ။ စာမေးပွဲပြီးတာနဲ့ ငါက အစားထပ်စားချိန်လို့မှတ်ထားတာ]

[ ရုတ်တရက်ငါတွေးမိသွားတာက ဒီအဖိုးကြီးက ချစ်စရာကောင်းလိုက်တာလို့၊ ငါဘယ်လိုလုပ်ရမလဲ]

[ live room အပေါ်ခန်းတွေက အသစ်တွေမလား၊ နဂိုသရုပ်ဆောင်ဟောင်းသုံးယောက်ကတော့ တကယ်ချစ်ဖို့ကောင်းတယ်၊ တစ်ယောက်ကိုအကျင့်တစ်မျိုးစီနဲ့ သေချာဆက်ကြည့်ရင်သိလာလိမ့်မယ် ]

လက်ထောက်ဒါရိုက်တာက အတန်းရှေ့ရှိစင်ပေါ်ကနေ၍ လော်စပီကာနှင့်အော်ပြောလိုက်သည်။ “အားလုံးရေသောက် အပေါ့သွားလို့ရပါတယ်။ ပြီးတော့ နေ့လည်စာအတွက်ကိုတော့ ခဏစောင့်ကြပါ။ ဆရာသုံးယောက်က အခု ခင်ဗျားတို့ရဲ့အဖြေလွှာတွေကို စစ်နေပါတယ်။ အမှတ်ထွက်တာနဲ့ကြေညာပါမယ်။”

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Where stories live. Discover now